Connect with us

Hi, what are you looking for?

News

ပုလဲနယ်တွင် မြန်မာ့တော်ဝင်နဂါးတပ်တော်နှင့် တိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်သား ခုနစ်ဦး​ခန့်သေ

ဧပြီ ၁၈ ရက်ကစ၍ ပုလဲမြို့နယ်အတွင်း အင်အား ၁၀၀ ကျော်ဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးနေကြောင်း MRDA ဦးဆောင်သူ ဗိုလ်နဂါးက People’s Springသို့ ပြောသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် နှစ်ကြိမ်ထိတွေ့တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးခန့်သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)က ယနေ့(ဧပြီ ၂၀ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်များမှာ ဧပြီ ၁၉ ရက် နံနက်၆ နာရီခွဲခန့်တွင် ပုလဲမြို့နယ်၊ ကံကြီးကျေးရွာ နှင့် ကြူခြံကျေးရွာအကြားတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)တပ်ခွဲတို့ ထိတွေ့မှုတိုက်ပွဲ၌ စစ်ကောင်စီတပ်သားငါးဦး သေဆုံးသည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှင့်ပင် ပုလဲမြို့နယ်၊ ကြူခြံကျေးရွာအနောက်ဘက်ရှိ ချင်ပြစ်ကျေးရွာအရှေ့တောင်ဘက်တွင် နေ့လည် ၁ နာရီကစ၍ ညနေ ၄ နာရီခွဲခန့်ထိ ထပ်မံတိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးသည်ဟု အသိပေးသည်။

ထိတွေ့မှုနှစ်ကြိမ်တွင် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)တပ်ခွဲမှ နဂါးစစ်သည်တော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၈ ရက်ကစ၍ ပုလဲမြို့နယ်အတွင်း အင်အား ၁၀၀ ကျော်ဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးနေကြောင်း MRDA ဦးဆောင်သူ ဗိုလ်နဂါးက People’s Springသို့ ပြောသည်။

ထို့နေ့မှစ၍ MRDA က ကြားဖြတ်တိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၃ ဦး ထက်မနည်းသေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။