ရန်ကုန်တိုင်း ဒလ၊ တောင်ဒဂုံနှင့် တွံတေးမြို့နယ်များ၌ “နန်းထိုက်အောင်”စစ်ဆင်ရေးများပြုလုပ်ခဲ့ကြောင်း ရန် ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။
ဒလမြို့နယ်၊ မြို့မ (၄)ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးထောက်တိုင်ဖြစ်သော ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဧပြီ ၁၇ ရက် ည ၈ နာရီခန့်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အလားတူ ဒလမြို့နယ် တပင်ရွှေထီးရပ်ကွက်ရှိ သတင်း ပေးဒလန်အိမ်ကိုလည်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။
ထို့နောက် ဧပြီ ၁၈ ရက် နေ့လယ် ၂နာရီခန့်က တောင်ဒဂုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Ul timate Revolution Movement Team)က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ရပ် ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ရာအိမ်မှူးတစ်ဦး သေဆုံးခဲ့သည်။

Public Service Announcement
“ရပ်ကွက်ရုံးရှေ့မှာ ဖြစ်တာ။သေတဲ့သူက ဦးစန်စလွင်။။သူ့ဝမ်းဗိုက်နဲ့ ဆီးခုံကျည်ထိ ပြီး နေရာမှာ သေသွားတာ။ကျန်တဲ့ ကျည်ထိတဲ့ လေးယောက်ရှိတယ်။အရန်မီးသတ်က တစ်ကောင်ပါတယ်”ဟု ဖြစ်စဥ် ဖြစ်ပွားရာရပ်ကွက် အနီးနေသူတစ်ဦးက ပြောသည်။
တွံတေးမြို့တွင် တိုက်ခိုက်ဖြစ်စဥ်မှာမူ ပျူစောထီး ခေါင်းဆောင် ကိုထက်ဆိုသူ၏ နေအိမ်ကို ဧပြီ ၁၈ ရက် ၊ ည ၈ နာရီ ဝန်းကျင်မှာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သည်။ထို့နောက် နာရီ ဝက်အကြာတွင် ရောက်ရှိလာသည့် အကြမ်းဖက် စစ်ကောင်စီ ကား ၁ စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့သည့် အပြင် ည ၈ နာရီ ၄၅ မိနစ်ခန့်က ထပ်မံ ရောက်ရှိလာသော စစ်ကား ၃ စီး ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ရန်သူစစ်သားအများအ ပြား ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
“အကြမ်းဖက်စစ်တပ်ယာဉ်တွေကို ၂ ကြိမ်ဆက် တိုက် မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်း ၂ ကြိမ်ခွဲပြီး ခဏနေတော့ အရေးပါ်ကားတွေ ရောက်လာပြီး လူနာကောက်တော့တာပါပဲ။ ပစ်မှတ်အတိ အကျခွဲနိုင်လို့ စစ်ခွေးတွေပါအထိအခိုက်များလိမ့်မယ်”ဟု ရန် ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲတာဝန်ရှိသူက ရှင်းပြသည်။
ဧပြီလ ၈ ရက်ကစတင်ခဲ့သော “နန်းထိုက်အောင်” စစ်ဆင်ရေးကို မင်္ဂလာဒုံ၊ အင်းစိန် ၊ ကမာရွတ်၊လမ်းမတော်၊ ကော့မှုး၊ တွံတေး၊ သုံးခွ၊ ရွှေပြည်သာ ၊သာကေတ နှင့် လှိုင်သာယာတို့တွင် ပစ်ခတ်ဖောက်ခွဲမှုများပြုလုပ်ခဲ့သည်။
နန်းထိုက်အောင် စစ်ဆင်ရေးတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးနှင့် တပ်သားအချို့အပါအဝင် စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူး နှင့် ဒလန် ငါးဦးထက်မနည်း သေဆုံးထားသည်။


















































