Connect with us

Hi, what are you looking for?

News

ဆောနှင့် ကန်ပက်လက်ကြား တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်မှ ထိခိုက်မှုအခြေအနေကို ဖော်ပြမထားပေ။ တိုက်ပွဲအခြေအနေဆက်လက်ပြင်းထန်နိုင်ဖွယ်ရှိနေသောကြောင့်အချက်အလက်အပြည့်အစုံ မထုတ်ပြန်နိုင်သေးကြောင်း၊ ပြည်သူများအနေဖြင့် ဆောနှင့် ကန်ပက်လက်ကြား လုံး၀သွားလာခြင်းမပြရန် အသိပေးကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

(ကန်ပက်လက် CDF ရဲ​ဘော်များအား ​တွေ့ရစဥ်)

▪️စစ်ကောင်စီတပ်က နှစ်ဖက်ညှပ်တိုက်၍ ကန်ပက် လက် CDF ထိခိုက်မှုရှိဟု အသိပေး

မကွေးတိုင်း ဆောမြို့နယ်နှင့် ချင်းပြည်နယ် ကန်ပက် လက်အကြား၌ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ညှပ်၍ တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ကန်ပက်လက် ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန် သည်။

ဧပြီ ၂၁ ရက်တွင် ဆောမြို့မှ ကန်ပက်လက်မြို့နယ်ဘက်သို့ အင်အား ၆၀ကျော်ဖြင့် စစ်ကြောင်းထိုးတက်လာသည့် စစ်ကောင်စီတပ်နှင့် ကန်ပက်လက်မြို့ပေါ်၌ တပ်စွဲထားသည့် အင်အား ၈၀ခန့်ရှိ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ရာ လက်နက်အင်အား၊ကျည်အင်အားမမျှခြင်းနှင့် နှစ်ဖက်ညှပ် တိုက်ခံရခြင်းများကြောင့် ကန်ပက်လက် CDF ဘက်မှ အထိအခိုက်များရှိဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်မှ ထိခိုက်မှုအခြေအနေကို ဖော်ပြမထားပေ။ တိုက်ပွဲအခြေအနေဆက်လက်ပြင်းထန်နိုင်ဖွယ်ရှိနေသောကြောင့်အချက်အလက်အပြည့်အစုံ မထုတ်ပြန်နိုင်သေးကြောင်း၊ ပြည်သူများအနေဖြင့် ဆောနှင့် ကန်ပက်လက်ကြား လုံး၀သွားလာခြင်းမပြရန် အသိပေးကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပြီးခဲသည့် မတ်လလယ်ကလည်း စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ကန်ပက်လက် CDF၏ တပ်မဟာဌာန ချုပ်နေရာကို စွန့်လွှတ်ခဲ့ရသည်ဟု CDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။