Connect with us

Hi, what are you looking for?

News

မတူပီတွင်တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပြီးစစ်​ကောင်စီတပ် ၅ဦး​သေ

ဒုတိယအကြိမ်တိုက်ပွဲသည် ယနေ့ နေ့လယ် ၂ နာရီခွဲတွင် ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သည်ဟုထုတ်ပြန်သည်။ ထိုတိုက်ပွဲနှစ်ခုလုံးတွင် CDF(မတူပီ) ဘက်မှ အထိအခိုက် အကျအဆုံးမရှိဟုလည်းပါရှိသည်။

(CDF မတူပီတပ်ဖွဲ့ဝင်များ)

မတူပီ မြို့နယ်အတွင်း ယနေ့ (ဧပြီ ၂၂ ရက်)တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် နှစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း CDF(မတူပီ)က သတင်းထုတ်ပြန်သည်။

ပထမအကြိမ်တိုက်ပွဲသည် မတူပီ-တင်လောင်းလမ်းပိုင်းရှိ မတူပီမြို့မှ ၂မိုင်အကွာတွင် ဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ်တိုက်ပွဲမှာ မတူပီမြို့ ၁၃ မိုင်အကွာရှိ တွီရှစ်ကျေးရွာနှင့် ဝလံပီကျေးရွာ ကြားတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ်တိုက်ပွဲကို ယနေ့နေ့လယ် ၂နာရီခန့်တွင်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို အတည်မပြုနိုင်ခဲ့ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ဒုတိယအကြိမ်တိုက်ပွဲသည် ယနေ့ နေ့လယ် ၂ နာရီခွဲတွင် ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သည်ဟုထုတ်ပြန်သည်။ ထိုတိုက်ပွဲနှစ်ခုလုံးတွင် CDF(မတူပီ) ဘက်မှ အထိအခိုက် အကျအဆုံးမရှိဟုလည်းပါရှိသည်။

ထိုပြင် ဧပြီ ၂၁ ရက်တွင်လည်း မတူပီ-ပလက်ဝ လမ်းပေါ်ရှိ ထယ်ဘွေးစစ်​ကောင်စီတပ်စခန်းကို အင်အားလာဖြည့်ပြီး ပြန်လာ​သောစစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့သည်ဟု CDF( မတူပီ)မှ ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ကြောင်းသည် အင်အား ၁၅၀ခန့်ပါဝင်ပြီး မတူပီမြို့ နှင့် ၁၆ မိုင်အကွာ ဝလန်ပီးရွာအနီးတွင်CDF မတူပီက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၊ ခြုံခိုတိုက်ခိုက်ခဲ့ရ စစ်ကောင်စီတပ်မှ ၆ဦး ​သေဆုံးကာ ဒဏ်ရာရရှိသူ အနည်းဆုံး ၇ဦးခန့်လည်းရှိ​ကြောင်းCDF(မတူပီ) တာဝန်ရှိသူတစ်ဦးကပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။