Connect with us

Hi, what are you looking for?

News

ဇနီးနှင့်အတူ စျေးဝယ်လာသည့် ဗိုလ်ကြီးဝေဖြိုးအား ပစ်ခတ်ရှင်းလင်းခဲ့ဟု ဂန့်ဂေါ PDF အသိပေး

စခန်းအတွင်းမှ စစ်ကောင်စီတပ်သားနှင့် ရဲများက ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များသည် ဗိုလ်ကြီးဝေဖြိုးစီးလာသည့် ဆိုင်ကယ်ဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာရဲစခန်းမှ ဗိုလ်ကြီးဝေဖြိုးသည် ဇနီးဖြစ်သူနှင့်အတူ စျေးဝယ်ထွက်လာစဉ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဧပြီ ၂၃ရက် မွန်းလွဲပိုင်းတွင် ဆိုင်ကယ်နှင့် စျေးဝယ်လာသည့် ဗိုလ်ကြီးဝေဖြိုးအား စောင့်ကြိုပစ်ခတ်ခဲ့ကြောင်း၊ ဗိုလ်ကြီးဝေဖြိုးမှာ ဒဏ်ရာရကာ ထွက်ပြေးသွားသော်လည်း စခန်းအနီးထိ လိုက်လံပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဗိုလ်ကြီး၏ ဇနီးဖြစ်သူကိုမူ လူသားချင်းစာနာသောအားဖြင့် အသက်ချမ်းသာခွင့်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

စခန်းအတွင်းမှ စစ်ကောင်စီတပ်သားနှင့် ရဲများက ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များသည် ဗိုလ်ကြီးဝေဖြိုးစီးလာသည့် ဆိုင်ကယ်ဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့​ကြောင့် စခန်းအတွင်းရှိ စစ်သားနှင့် ရဲများအနေ ဖြင့် အချိန်မီ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန် ထပ်မံသတိပေးသည်ဟုလည်း ဂန့်ဂေါ PDF က ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။