မကွေးတိုင်း ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာရဲစခန်းမှ ဗိုလ်ကြီးဝေဖြိုးသည် ဇနီးဖြစ်သူနှင့်အတူ စျေးဝယ်ထွက်လာစဉ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဧပြီ ၂၃ရက် မွန်းလွဲပိုင်းတွင် ဆိုင်ကယ်နှင့် စျေးဝယ်လာသည့် ဗိုလ်ကြီးဝေဖြိုးအား စောင့်ကြိုပစ်ခတ်ခဲ့ကြောင်း၊ ဗိုလ်ကြီးဝေဖြိုးမှာ ဒဏ်ရာရကာ ထွက်ပြေးသွားသော်လည်း စခန်းအနီးထိ လိုက်လံပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ဗိုလ်ကြီး၏ ဇနီးဖြစ်သူကိုမူ လူသားချင်းစာနာသောအားဖြင့် အသက်ချမ်းသာခွင့်ပေးခဲ့သည်ဟု ဖော်ပြထားသည်။
စခန်းအတွင်းမှ စစ်ကောင်စီတပ်သားနှင့် ရဲများက ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များသည် ဗိုလ်ကြီးဝေဖြိုးစီးလာသည့် ဆိုင်ကယ်ဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် စခန်းအတွင်းရှိ စစ်သားနှင့် ရဲများအနေ ဖြင့် အချိန်မီ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန် ထပ်မံသတိပေးသည်ဟုလည်း ဂန့်ဂေါ PDF က ထုတ်ပြန် သည်။