Connect with us

Hi, what are you looking for?

News

ဇနီးနှင့်အတူ စျေးဝယ်လာသည့် ဗိုလ်ကြီးဝေဖြိုးအား ပစ်ခတ်ရှင်းလင်းခဲ့ဟု ဂန့်ဂေါ PDF အသိပေး

စခန်းအတွင်းမှ စစ်ကောင်စီတပ်သားနှင့် ရဲများက ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များသည် ဗိုလ်ကြီးဝေဖြိုးစီးလာသည့် ဆိုင်ကယ်ဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာရဲစခန်းမှ ဗိုလ်ကြီးဝေဖြိုးသည် ဇနီးဖြစ်သူနှင့်အတူ စျေးဝယ်ထွက်လာစဉ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဧပြီ ၂၃ရက် မွန်းလွဲပိုင်းတွင် ဆိုင်ကယ်နှင့် စျေးဝယ်လာသည့် ဗိုလ်ကြီးဝေဖြိုးအား စောင့်ကြိုပစ်ခတ်ခဲ့ကြောင်း၊ ဗိုလ်ကြီးဝေဖြိုးမှာ ဒဏ်ရာရကာ ထွက်ပြေးသွားသော်လည်း စခန်းအနီးထိ လိုက်လံပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဗိုလ်ကြီး၏ ဇနီးဖြစ်သူကိုမူ လူသားချင်းစာနာသောအားဖြင့် အသက်ချမ်းသာခွင့်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

စခန်းအတွင်းမှ စစ်ကောင်စီတပ်သားနှင့် ရဲများက ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များသည် ဗိုလ်ကြီးဝေဖြိုးစီးလာသည့် ဆိုင်ကယ်ဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့​ကြောင့် စခန်းအတွင်းရှိ စစ်သားနှင့် ရဲများအနေ ဖြင့် အချိန်မီ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန် ထပ်မံသတိပေးသည်ဟုလည်း ဂန့်ဂေါ PDF က ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့