Connect with us

Hi, what are you looking for?

LuduNwayOo

News

က​လေးမြို့နယ်၊ နတ်​ချောင်းရွာအနီးတွင်စစ်​ကောင်စီတပ်ကို ပကဖနှင့်CNDF​ပေါင်းတိုက် စစ်သား ၅ ဦး​သေ

“နတ်ချောင်းရွာထိပ်က နေကြာပန်းခင်းထဲမှာ စစ်သားတွေကို ပစ်တာ။ ပန်းခင်းထဲကို တန်းစီဝင်လာချိန်ပစ်တာလိုကြားတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

(CNDF တပ်ဖွဲ့ဝင်များ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်း၊ နတ်ချောင်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များ ယနေ့ (ဧပြီ ၂၄ ရက်)တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား ၅ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက​ပြောသည်။

ထောက်ကြံကျေးရွာမှ အင်းအား ၇၀ခန့်ဖြင့် နတ်ချောင်းရွာဘက်ကို ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ၎င်းတို့ကို မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် စနှိုက်ဘာတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကိုချင်းအမျိုးသားကာကွယ်​ရေးတပ်(CNDF)နှင့် ကလေးမြို့နယ်ပကဖ(က​လေးမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့)တို့ပူး​ပေါင်း၍ ဧပြီ ၂၄ ရက် ညနေ ၃နာရီမှ ၆နာရီအထိစနိုက်ပါများဖြင့်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းတို့​ကြောင့် စစ်သား ၇၀ ခန့်ပါ​သောစစ်​ကြောင်းမှ စစ်​ကောင်စီတပ်သား၅ ဦး​သေဆုံးခဲ့​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာန ကယ​နေ့ထုတ်ပြန်​သော စစ်​ရေးသတင်းထုတ်ပြန်ချက်တွင်လည်း​ဖော်ပြထားသည်။

“နတ်ချောင်းရွာထိပ်က နေကြာပန်းခင်းထဲမှာ စစ်သားတွေကို ပစ်တာ။ ပန်းခင်းထဲကို တန်းစီဝင်လာချိန်ပစ်တာလိုကြားတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုပြင်ကလေးမြို့နယ် ချောင်းခွရွာထဲတွင်လည်အကြမ်းဖက်စစ်ကောင်စီတပ်သားကို စနှိုက်ဘာဖြင့် ပစ်ခတ်တိုက်ခဲ့သေးဟုလည်း ​ဒေသခံများထံမှသိ့ရသည်။

ထို​ကြောင့်က​လေးမြို့နယ်တွင် ယခုရက်ပိုင်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားပြီး စသ်​ကောင်စီတပ် အထိနာ​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။