စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်း၊ နတ်ချောင်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များ ယနေ့ (ဧပြီ ၂၄ ရက်)တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား ၅ဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။
ထောက်ကြံကျေးရွာမှ အင်းအား ၇၀ခန့်ဖြင့် နတ်ချောင်းရွာဘက်ကို ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ၎င်းတို့ကို မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် စနှိုက်ဘာတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကိုချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)နှင့် ကလေးမြို့နယ်ပကဖ(ကလေးမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့)တို့ပူးပေါင်း၍ ဧပြီ ၂၄ ရက် ညနေ ၃နာရီမှ ၆နာရီအထိစနိုက်ပါများဖြင့်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ကြောင့် စစ်သား ၇၀ ခန့်ပါသောစစ်ကြောင်းမှ စစ်ကောင်စီတပ်သား၅ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကယနေ့ထုတ်ပြန်သော စစ်ရေးသတင်းထုတ်ပြန်ချက်တွင်လည်းဖော်ပြထားသည်။
“နတ်ချောင်းရွာထိပ်က နေကြာပန်းခင်းထဲမှာ စစ်သားတွေကို ပစ်တာ။ ပန်းခင်းထဲကို တန်းစီဝင်လာချိန်ပစ်တာလိုကြားတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။
ထိုပြင်ကလေးမြို့နယ် ချောင်းခွရွာထဲတွင်လည်အကြမ်းဖက်စစ်ကောင်စီတပ်သားကို စနှိုက်ဘာဖြင့် ပစ်ခတ်တိုက်ခဲ့သေးဟုလည်း ဒေသခံများထံမှသိ့ရသည်။
ထိုကြောင့်ကလေးမြို့နယ်တွင် ယခုရက်ပိုင်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားပြီး စသ်ကောင်စီတပ် အထိနာနေခြင်းဖြစ်သည်။
