Connect with us

Hi, what are you looking for?

News

က​လေးမြို့နယ်၊ နတ်​ချောင်းရွာအနီးတွင်စစ်​ကောင်စီတပ်ကို ပကဖနှင့်CNDF​ပေါင်းတိုက် စစ်သား ၅ ဦး​သေ

“နတ်ချောင်းရွာထိပ်က နေကြာပန်းခင်းထဲမှာ စစ်သားတွေကို ပစ်တာ။ ပန်းခင်းထဲကို တန်းစီဝင်လာချိန်ပစ်တာလိုကြားတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

(CNDF တပ်ဖွဲ့ဝင်များ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်း၊ နတ်ချောင်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များ ယနေ့ (ဧပြီ ၂၄ ရက်)တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား ၅ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက​ပြောသည်။

ထောက်ကြံကျေးရွာမှ အင်းအား ၇၀ခန့်ဖြင့် နတ်ချောင်းရွာဘက်ကို ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ၎င်းတို့ကို မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် စနှိုက်ဘာတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကိုချင်းအမျိုးသားကာကွယ်​ရေးတပ်(CNDF)နှင့် ကလေးမြို့နယ်ပကဖ(က​လေးမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့)တို့ပူး​ပေါင်း၍ ဧပြီ ၂၄ ရက် ညနေ ၃နာရီမှ ၆နာရီအထိစနိုက်ပါများဖြင့်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းတို့​ကြောင့် စစ်သား ၇၀ ခန့်ပါ​သောစစ်​ကြောင်းမှ စစ်​ကောင်စီတပ်သား၅ ဦး​သေဆုံးခဲ့​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာန ကယ​နေ့ထုတ်ပြန်​သော စစ်​ရေးသတင်းထုတ်ပြန်ချက်တွင်လည်း​ဖော်ပြထားသည်။

“နတ်ချောင်းရွာထိပ်က နေကြာပန်းခင်းထဲမှာ စစ်သားတွေကို ပစ်တာ။ ပန်းခင်းထဲကို တန်းစီဝင်လာချိန်ပစ်တာလိုကြားတယ်”ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုပြင်ကလေးမြို့နယ် ချောင်းခွရွာထဲတွင်လည်အကြမ်းဖက်စစ်ကောင်စီတပ်သားကို စနှိုက်ဘာဖြင့် ပစ်ခတ်တိုက်ခဲ့သေးဟုလည်း ​ဒေသခံများထံမှသိ့ရသည်။

ထို​ကြောင့်က​လေးမြို့နယ်တွင် ယခုရက်ပိုင်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားပြီး စသ်​ကောင်စီတပ် အထိနာ​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။