Connect with us

Hi, what are you looking for?

News

AA ထံတွင်သာမက KNU၊ KIA နှင့် CNF ထံတွင်လည်း စစ်သင်တန်းတက်ရောက်ခဲ့သည်ဟု CDFမင်းတပ်ပြော

စစ်​ကောင်စီတပ်ကို အမဲလိုက်တူမီးဖြင့်စတင်ခုခံ​​တော်လှန်ခဲ့​​သော CDF-မင်းတပ်သည် စစ်ပညာသင်ယူမှုတွင်​ရော စစ်လက်နက်တပ်ဆင်မှုတွင်ပါ ပိုမို​ခေတ်မီစွမ်းရည်ပြည့်ဝလာ​အောင် ကြိုးစား​နေခြင်းဖြစ်သည်။

(CDF-မင်းတပ်တပ်ဖွဲ့ဝင်များစစ်​ရေး​လေ့ကျင့်​နေစဥ် ။ ဓါတ်ပုံ-CDFမင်းတပ် )

ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF Mindat ရဲဘော်များသည် ရခိုင်တပ်မတော် AA ထံတွင်သာမက KNU၊KIAနှင့် CNF ထံတွင်လည်း စစ်သင်တန်းတက်ရောက်ခဲ့သည်ဟု CDF Mindat ၏ ပြောရေးဆိုခွင့်ရှိသူက People’s Springသို့ပြောသည်။

ရခိုင်တပ်မတော် AA ထံတွင် စစ်ပညာသွားရောက်သင်ယူခဲ့ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF Mindatက ယမန်နေ့(ဧပြီ ၂၆ရက်)တွင် ပထမဆုံးအကြမ် ထုတ်ပြန်ပြီးနောက် ယနေ့(ဧပြီ ၂၇ရက်)တွင် အထက်ပါအတိုင်းထပ်မံအသိပေးခြင်းဖြစ်သည်။

CDF Mindat ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သလို ​လေ့ကျင့်ရေးနှင့်လက်နက်တပ်ဆင်ရေးဌာနမှုး ဆလိုင်းမာန်အောင်က “ကျနော်တို့ AA ဆီမှာလည်း စစ်ပညာသင်ခဲ့တယ်။ KNU ,KIAနဲ့ CNFဆီမှာလည်း စစ်ပညာသင်ခဲ့ပါတယ်”ဟု ပြောသည်။

အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး-KNU၊ကချင်လွတ်မြောက်ရေး တပ်မတော်- KIA နှင့်ချင်းအမျိုးသားတပ်ဦး -CNFသည် စစ်အာဏာရှင်ဆန့်ကျင်တိုက်ခိုက်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် လက်တွဲကာ တိုက်ပွဲဝင်နေသည်။ စစ်​ကောင်စီကအာဏာသိမ်းပြီး​နောက်ငြိမ်းချမ်းစွာဆန္ဒပြ​တောင်းဆို​သော ပြည်သူများကို လျစ်လျူရှုပြီး ငြိမ်းချမ်းစွာဆန္ဒပြသူများကိုအကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး​နောက် နိုင်ငံတစ်ဝန်းရှိလူငယ်များကအကြမ်းဖက်စစ်​ကောင်စီကိုလက်နက်ဆွဲကိုင်​တော်လှန်ရန်စစ်ပညာသင်ယူရာတွင်အထက်ပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလူငယ်အများအပြားကိုစစ်သင်တန်ပေးခဲ့ပြီး အတူလက်တွဲ တိုက်ခိုက်နေသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်ကို အမဲလိုက်တူမီးဖြင့်စတင်ခုခံ​​တော်လှန်ခဲ့​​သော CDF-မင်းတပ်သည် စစ်ပညာသင်ယူမှုတွင်​ရော စစ်လက်နက်တပ်ဆင်မှုတွင်ပါ ပိုမို​ခေတ်မီစွမ်းရည်ပြည့်ဝလာ​အောင် ကြိုးစား​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီရဲ့ ပူးတွဲဥက္ကဋ္ဌတွေအဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးအောင်ဆိုင်းလာ တို့ တာဝန်ယူထားတယ်လို့ SCEF ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ