Connect with us

Hi, what are you looking for?

News

ကလေး – ဂန့်ဂေါလမ်းပိုင်းအား ယနေ့ညနေမှစ၍ တစ်ပတ်အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် PDF က​လေး အရေးပေါ်ထုတ်ပြန်

ကလေး – ဂန့်ဂေါလမ်းပိုင်း၌ အဓိကကျသည့် ကလေးမြို့တောင်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များနှင့် အကြမ်းဖက်စစ်ကောင်စီ တိုက်ပွဲအပြင်းအထန်ဖြစ်နေ၍ အထက်ပါ သတိပေးချက်ကို ယနေ့ ညနေ ၄နာရီခန့်တွင်ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ရေးတင်းမာနေ၍ ကလေး – ဂန့်ဂေါလမ်းပိုင်းအား ယနေ့ညနေမှစ၍ တစ်ပတ်အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ကလေးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF Kalay) က အရေးပေါ် သတင်းထုတ်ပြန်သည်။

ကလေး – ဂန့်ဂေါလမ်းပိုင်း၌ အဓိကကျသည့် ကလေးမြို့တောင်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များနှင့် အကြမ်းဖက်စစ်ကောင်စီ တိုက်ပွဲအပြင်းအထန်ဖြစ်နေ၍ အထက်ပါ သတိပေးချက်ကို ယနေ့ ညနေ ၄နာရီခန့်တွင်ထုတ်ပြန်ခြင်းဖြစ်သည်။

ယနေ့(ဧပြီ ၂၈ရက်) ညနေမှစ၍ ရက်သတ္တပတ်ကြာ ဖြတ်သန်းသွားလာခြင်းမပြုရန် မေတ္တာရပ်ခံကြောင်းနှင့် မလိုက်နာပါက ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးအန္တရာယ်နှင့်အကျိုးဆက်ကို သတိပြုရန်လည်း တိုက်တွန်းထားသည်။

ဂန့်ဂေါနယ်နှင့် ထိစပ်နေသည့် ကလေးမြို့ တောင်ပိုင်းဒေသမှ ရွာအချို့သည် ပျူစောထီးရွာများ ဖြစ်နေပြီး ယခုအခါ စစ်ကောင်စီက ပျုစောထီးများကို စစ်ကြောင်းနှင့်အတူ လိုက်ပါစေပြီး အရပ်သားနေအိအိမ်များကို မီးရှို့ဖျက်ဆီးနေသည်။ ဒေသတွင်း ပြည်သူ့ကာကွယ် ရေးမဟာမိတ်များက စစ်ကောင်စီနှင့် ပျူစောထီးပူး ပေါင်းအဖွဲ့ကို တိုက်ခိုက်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား