Connect with us

Hi, what are you looking for?

News

ကလေး – ဂန့်ဂေါလမ်းပိုင်းအား ယနေ့ညနေမှစ၍ တစ်ပတ်အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် PDF က​လေး အရေးပေါ်ထုတ်ပြန်

ကလေး – ဂန့်ဂေါလမ်းပိုင်း၌ အဓိကကျသည့် ကလေးမြို့တောင်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များနှင့် အကြမ်းဖက်စစ်ကောင်စီ တိုက်ပွဲအပြင်းအထန်ဖြစ်နေ၍ အထက်ပါ သတိပေးချက်ကို ယနေ့ ညနေ ၄နာရီခန့်တွင်ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ရေးတင်းမာနေ၍ ကလေး – ဂန့်ဂေါလမ်းပိုင်းအား ယနေ့ညနေမှစ၍ တစ်ပတ်အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ကလေးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF Kalay) က အရေးပေါ် သတင်းထုတ်ပြန်သည်။

ကလေး – ဂန့်ဂေါလမ်းပိုင်း၌ အဓိကကျသည့် ကလေးမြို့တောင်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များနှင့် အကြမ်းဖက်စစ်ကောင်စီ တိုက်ပွဲအပြင်းအထန်ဖြစ်နေ၍ အထက်ပါ သတိပေးချက်ကို ယနေ့ ညနေ ၄နာရီခန့်တွင်ထုတ်ပြန်ခြင်းဖြစ်သည်။

ယနေ့(ဧပြီ ၂၈ရက်) ညနေမှစ၍ ရက်သတ္တပတ်ကြာ ဖြတ်သန်းသွားလာခြင်းမပြုရန် မေတ္တာရပ်ခံကြောင်းနှင့် မလိုက်နာပါက ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးအန္တရာယ်နှင့်အကျိုးဆက်ကို သတိပြုရန်လည်း တိုက်တွန်းထားသည်။

ဂန့်ဂေါနယ်နှင့် ထိစပ်နေသည့် ကလေးမြို့ တောင်ပိုင်းဒေသမှ ရွာအချို့သည် ပျူစောထီးရွာများ ဖြစ်နေပြီး ယခုအခါ စစ်ကောင်စီက ပျုစောထီးများကို စစ်ကြောင်းနှင့်အတူ လိုက်ပါစေပြီး အရပ်သားနေအိအိမ်များကို မီးရှို့ဖျက်ဆီးနေသည်။ ဒေသတွင်း ပြည်သူ့ကာကွယ် ရေးမဟာမိတ်များက စစ်ကောင်စီနှင့် ပျူစောထီးပူး ပေါင်းအဖွဲ့ကို တိုက်ခိုက်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့