Connect with us

Hi, what are you looking for?

News

မြင်းမူတွင် တိုက်ပွဲပြင်းထန်နေ

အကြမ်းဖက်စစ်ကောင်စီအင်အား ၄၀ခန့်လိုက်ပါလာသည့် ၁၂ဘီးကားတစ်စီးကို Zero PDFနှင့် GTRအဖွဲ့က ယနေ့ နံနက် ၇နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကစဥ့်ကလျားဖြစ်နေသည့် စစ်ကောင်စီအဖွဲ့အား သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း မြင်း​မူမြို့နယ်တွင် ယနေ့(ဧပြီ ၂၉ရက်) နံနက်ကစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ခုနှစ်ဦးကို သုတ်သင်နိုင်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ထီးဆောင်း-အရာတော်လမ်းအတိုင်း မြင်းမူမြို့နယ် ခွက်ခွင်းရွာနှင့် ငကင်းရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးမဟာမိတ်ဖြစ်သော Zero PDFနှင့် GTR အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တိုက်ပွဲအပြင်းအထန် ဆက်လက်ဖြစ်ပွားနေသည်ဟု မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး စာမျက်နှာက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီအင်အား ၄၀ခန့်လိုက်ပါလာသည့် ၁၂ဘီးကားတစ်စီးကို Zero PDFနှင့် GTRအဖွဲ့က ယနေ့ နံနက် ၇နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကစဥ့်ကလျားဖြစ်နေသည့် စစ်ကောင်စီအဖွဲ့အား သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးပြီး ၂၆ဦးဒဏ်ရာရသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ရေး စာမျက်နှာဖြစ်သည့် မြင်းမူ မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး” စစ်ခွေးများနှင့်အပြန်အလှန်ပစ်ခတ်ခဲ့ကြရာ Zero ပြောက်ကြားတပ်ဖွဲ့မှ ဒုခေါင်းဆောင် ကိုရခိုင်ကြီး တိုင်းပြည်အတွက် အသက်ကိုပေးလှူသွားရပါသည်”ဟု မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

အထိနာသွားသည့် စစ်ကောင်စီတပ်က ကန်တော်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာမီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံတစ်ဦးပြောသည်။ကန်တော်ကျေးရွာအပြင် ခွက်ခွင်း၊ ထိန်ကန်၊ ဆပ်ပြာကျင်း ၊ ငကင်းတောင်၊ငကင်းမြောက်နှင့် ငကင်းရွာမ စသည့် ကျေးရွာများမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။