Connect with us

Hi, what are you looking for?

LuduNwayOo

News

မြင်းမူတွင် တိုက်ပွဲပြင်းထန်နေ

အကြမ်းဖက်စစ်ကောင်စီအင်အား ၄၀ခန့်လိုက်ပါလာသည့် ၁၂ဘီးကားတစ်စီးကို Zero PDFနှင့် GTRအဖွဲ့က ယနေ့ နံနက် ၇နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကစဥ့်ကလျားဖြစ်နေသည့် စစ်ကောင်စီအဖွဲ့အား သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း မြင်း​မူမြို့နယ်တွင် ယနေ့(ဧပြီ ၂၉ရက်) နံနက်ကစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ခုနှစ်ဦးကို သုတ်သင်နိုင်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ထီးဆောင်း-အရာတော်လမ်းအတိုင်း မြင်းမူမြို့နယ် ခွက်ခွင်းရွာနှင့် ငကင်းရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးမဟာမိတ်ဖြစ်သော Zero PDFနှင့် GTR အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တိုက်ပွဲအပြင်းအထန် ဆက်လက်ဖြစ်ပွားနေသည်ဟု မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး စာမျက်နှာက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီအင်အား ၄၀ခန့်လိုက်ပါလာသည့် ၁၂ဘီးကားတစ်စီးကို Zero PDFနှင့် GTRအဖွဲ့က ယနေ့ နံနက် ၇နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကစဥ့်ကလျားဖြစ်နေသည့် စစ်ကောင်စီအဖွဲ့အား သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးပြီး ၂၆ဦးဒဏ်ရာရသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ရေး စာမျက်နှာဖြစ်သည့် မြင်းမူ မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး” စစ်ခွေးများနှင့်အပြန်အလှန်ပစ်ခတ်ခဲ့ကြရာ Zero ပြောက်ကြားတပ်ဖွဲ့မှ ဒုခေါင်းဆောင် ကိုရခိုင်ကြီး တိုင်းပြည်အတွက် အသက်ကိုပေးလှူသွားရပါသည်”ဟု မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

အထိနာသွားသည့် စစ်ကောင်စီတပ်က ကန်တော်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာမီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံတစ်ဦးပြောသည်။ကန်တော်ကျေးရွာအပြင် ခွက်ခွင်း၊ ထိန်ကန်၊ ဆပ်ပြာကျင်း ၊ ငကင်းတောင်၊ငကင်းမြောက်နှင့် ငကင်းရွာမ စသည့် ကျေးရွာများမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။