Connect with us

Hi, what are you looking for?

News

ဖောင်းပြင်​ဒေသတွင် လက်တ​လောတိုက်ပွဲများအတွင်း စစ်​ကောင်စီတပ် ၁၅​ဦးသေဟု PDF ​ပြော

စစ်ကောင်စီတပ်သည် နောင်စကန်နှင့်ရွှေထီးကုန်းကျေးရွာဖက်တွင် ကလေးငယ်အချို့ကို လူသားတံတိုင်းပြုလုပ်၍ အရပ်ဝတ်ဖြင့် ချီတက်လာခဲ့ကြသည်ဟုလည်း ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဖောင်းပြင်(PDF)က သတင်းထုတ်ပြန်ထားသည်။

▪️​ဖောင်းပြင် PDFမှ ရဲ​ဘော်နှစ်ဦးကျဆုံးခဲ့ရ

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ရှမ်းနီတပ်ဖွဲ့ ပူးပေါင်း၍ အရပ်သားနေအိမ်များအား မီးရှို့ဖျက်ဆီးနေပြီး ယခုရက်ပိုင်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၁၅ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်ဟု ဖောင်းပြင် PDFက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ အင်အား ၁၅၀ခန့်သည် ဧပြီ ၂၆ရက်ကစတင်ကာ ဖောင်းပြင်ဒေသကို စစ်ကြောင်းထိုးလာပြီး ဧပြီ ၂၈ရက်တွင် တိုက်ပွဲဖြစ်ပွာခဲ့ခြင်း ဖြစ်သည်။

” စစ်ကောင်စီက နေရာသုံးလေးနေရာကို တစ်ပြိုင်နက် ထိုးစစ်ဆင်လာတာပါ။လက်နက်ရော လူအင်အားပါ မမျှပေမယ့် ကျွန်တော်တို့ ခုခံတိုက်ခိုက်ခဲ့ကြတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် နောင်စကန်နှင့်ရွှေထီးကုန်းကျေးရွာဖက်တွင် ကလေးငယ်အချို့ကို လူသားတံတိုင်းပြုလုပ်၍ အရပ်ဝတ်ဖြင့် ချီတက်လာခဲ့ကြသည်ဟုလည်း ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဖောင်းပြင်(PDF)က သတင်းထုတ်ပြန်ထားသည်။

ဧပြီ ၂၈ရက် နံနက် ၆ နာရီခန့်က တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၅ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

” ကျဆုံး နှစ်ယောက် ဒဏ်ရာရနှစ်ယောက်။ တစ်ယောက်ကတော့ မိုင်းမ​တော်တဆ ပါ။နှစ်ယောက်စလုံး အသက်အန္တရယ်မစိုးရိမ်ရပါ”ဟု ဖောင်းပြင် PDFက ဆိုသည်။

ထို့အပြင် ဟာပါကျေးရွာမှ အရပ်သားနှစ်ဦး၏နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့သွားခဲ့သည်ဟုလည်း ဒေသခံအချို့က ပြောသည်။

သို့​သော် လတ်တလောဖြစ်နေသည့် ဖောင်းပြင်ဒေသ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီနှင့်အတူ ရှမ်းနီအဖွဲ့ ကပူးပေါင်း၍ တိုက်ခိုက်ပေးနေသည်ဟု ဖောင်းပြင် PDF က လူထုအားအသိပေးထားသည်။

“ဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်​ကောင်စီနဲ့အတူ ရှမ်းနီအမျိုးသားတပ်မတော်(SNA)က စိုင်းပြူးရဲ့တပ်ပါတယ်လို့သိရပါတယ်။အင်အားဘယ်လောက်ပါဝင်တယ်လို့တော့မသိရပါ”ဟု သတင်းထုတ်ပြန်ထားသည်။

ဟုမ္မလင်းမြို့နယ်တွင်အခြေစိုက်သည့် ရှမ်းနီအမျိုးသားများတပ်မတော် (Shanni Nationalities Army- SNA)ဟု ဒေသခံများက သိရှိထားသည့် ရှမ်းနီလက်နက်ကိုင်အဖွဲ့အား အမျိုးသားညီညွတ်ရေးအစိုးရအုပ်ချုပ်မှုနယ်မြေတွင် အခွန်ငွေအကြောင်းပြ၍ ဆက် ကြေးလာမကောက်ရန် ဖောင်းပြင် PDFက ဧပြီ ၂၆ရက်တွင် သတိပေးထားခဲ့သည်။

SNAသည် စစ်ကိုင်းတိုင်းအတွင်း စစ်အာအာရှင်တော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်များအား KIAက ပူးပေါင်းကူညီပေးနေခြင်းအပေါ် အမြင်မကြည်ဘဲ ယခုအခါ စစ်ကောင်စီနှင့် ပူးပေါင်းကာ လူထုကို တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။