Connect with us

Hi, what are you looking for?

News

ဆားလင်းကြီးတွင် ​တိုက်ပွဲမှ ပြန်လာသည့် PDF များကို ပြည်သူများက သပြေပန်းများဖြင့် ကြိုဆို

ပြည်သူ့ကာကွယ်ရေး တပ်သားများကို လူထုက ကြိုဆိုသည့်အတွက် ဝမ်းသာမိကြောင်းနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို အသက်နှင့်လဲ၍ ကာကွယ်သွားမည် ဖြစ်ကြောင်း ဒေသခံ PDF တစ်ဦးက လူမှုကွန်ယက်၌ ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ယနေ့ (မေလ ၁) ညပိုင်း၌တိုက်ပွဲမှပြန်လာသည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို​ဒေသခံပြည်သူများက သပြေပန်းများဖြင့် ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်။

ယနေ့နံနက်ပိုင်းက ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး ရွာများကို မီးရှို့ရန် လုပ်ဆောင်နေစဥ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ဆားလင်းကြီး ခွန်သာဘက်က ရွာတွေကို စစ်ကောင်စီတွေ ဝင်လာပြီး မီးရှို့ဖို့ လုပ်နေတယ်လို့ သတင်းကြားလို့ သွားကူညီတာပါ။ ရှေ့ပြေးစစ်ကြောင်းလို့တော့သိရတယ်။ ပျူစောထီးတွေရော အင်အား ၂၀ ​လောက်ပါတယ်။ ကျွန်တော်တို့ ရောက်သွားပြီး ဝိုင်းပစ်တော့မှ သူတို့ဘက် အင်အားမမျှမှန်းသိလို့ ပြန်ဆုတ်သွားပါတယ် ” ဟု PDF တစ်ဦးက​ပြောသည်။

ပြည်သူ့ကာကွယ်ရေး တပ်သားများကို လူထုက ကြိုဆိုသည့်အတွက် ဝမ်းသာမိကြောင်းနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို အသက်နှင့်လဲ၍ ကာကွယ်သွားမည် ဖြစ်ကြောင်း ဒေသခံ PDF တစ်ဦးက လူမှုကွန်ယက်၌ ရေးသားခဲ့သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ်များ အပါအဝင် နေရာပေါင်း ၄၀ကျော်၌ မီးရှို့ဖျက်ဆီးမှုများပိုမိုပြုလုပ်လာပြီးဧပြီလ​နောက်ဆုံး နှစ်ပတ်အတွင်း အိမ်ခြေ ၂၂၃၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmar က သတင်းထုတ်ပြန်ထားသည်။ အာဏာသိမ်းပြီး​နောက်ပိုင်း အကြမ်းဖက်စစ်တပ်က မီးရှို့ မီးရှို့ဖျက်ဆီး​ခဲ့သော​နေအိမ်​ပေါင်း နိုင်ငံတစ်ဝန်း အိမ်​ခြေ
၁၁,၀၀၀ ​ကျော်ရှိ​​နေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook