Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ ခရိုင်တွေ တိုးချဲ့တာ PR ရွေးကောက်ပွဲအတွက်လို့သုံးသပ်နေ

စစ်ကောင်စီဟာ လာမယ့် ၂၀၂၃ ခုနှစ် မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ကြေညာထားပါတယ်။ အဲဒီရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်(PR) နဲ့ကျင်းပမှာဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲပေးဖို့ တန်းစီနေကြတဲ့ လူထုကိုတွေ့ရစဉ်(ပုံ −ရိုက်တာ)

ဒေသဖွံ့ဖြိုးရေးနဲ့ အုပ်ချုပ်ရေးပိုမိုအဆင်ပြေစေဖို့ဆိုပြီး စစ်ကောင်စီက နိုင်ငံတဝှမ်းခရိုင်တွေတိုးချဲ့လိုက်ပြီး စုစုပေါင်း ခရိုင် ၁၂၁ ခရိုင်အထိဖြစ်လာပါတယ်။

အရင်က ၇၅ ခရိုင်သာရှိနေရာကနေ နောက်ထပ် ခရိုင် ၄၆ ခရိုင် ထပ်တိုး တိုးချဲ့ လိုက်တာပါ။ ဒီလို တိုးချဲ့ရာမှာ မြို့နယ် တစ်မြို့တည်းကိုပဲ ခရိုင်တစ်ခရိုင်အဖြစ် သတ်မှတ်တာလည်းတွေ့ရပါတယ်။

ဒီလို ခရိုင်တိုးချဲ့ဖွဲ့စည်းတာဟာ အုပ်ချုပ်ရေးအဆင်ပြေစေဖို့နဲ့ ဒေသဖွံ့ဖြိုးရေးအတွက်လို့ စစ်ကောင်စီက ခေါင်းစဉ်တပ်ပေမယ့် နိုင်ငံရေးအသိုင်းအဝိုင်းကတော့ ဒါဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်တာလို့ကောက်ချက်ချပါတယ်။

စစ်ကောင်စီဟာ လာမယ့် ၂၀၂၃ ခုနှစ် မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ကြေညာထားပါတယ်။ အဲဒီရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်(PR) နဲ့ကျင်းပမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက တိုးချဲ့လိုက်တဲ့ ခရိုင်စာရင်း

အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်တွေထဲက စာရင်းပိတ်စနစ်(Close List PR) ကို သုံးမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ ရက်ပိုင်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထပ်လောင်းပြောထားပါတယ်။

ဒီစာရင်းပိတ်စနစ်မှာဆိုရင် ရွေးကောက်ပွဲဝင်ပြိုင်တဲ့ကိုယ်စားလှယ်လောင်းကို မဲပေးရတာမဟုတ်ဘဲ ပါတီကိုသာ မဲပေးရမှာဖြစ်ပြီး ရတဲ့ မဲအရေအတွက်ပေါ် မူတည်ကာ ဝင်ပြိုင်တဲ့ ပါတီတွေဟာကိုယ်စားလှယ် ခွဲဝေယူတဲ့စနစ်လည်းဖြစ်ပါတယ်။

ဒီစနစ်နဲ့ ရွေးကောက်ပွဲကျင်းပဖို့အတွက် အရင်ရွေးကောက်ပွဲတွေမှာ ကျင့်သုံးခဲ့တဲ့ မြို့နယ်တစ်မြို့နယ်ကို မဲဆန္ဒနယ်တစ်နေရာအဖြစ် မဲဆန္ဒနယ်သတ်မှတ်ပုံကို စစ်ကောင်စီက ပြင်ဆင်ဖို့ ခရိုင်တွေကို တိုးချဲ့လိုက်တာလို့သုံးသပ်နေကြပါတယ်။

စစ်ကောင်စီရဲ့ PRဟာ ခရိုင်တွေကို မဲဆန္ဒနယ်အဖြစ်သတ်မှတ်ဖို့ရှိနေပါတယ်။မြေပြင်မှာလည်း လူဦးရေစာရင်းလိုက်လံကောက်ယူတာတွေ လုပ်နေပါတယ်။

စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ရွေးကောက်ပွဲကို နိုင်ငံတဝှမ်းအကြားအလပ်မရှိကျင်းပမယ်လို့ပြောထားပေမယ့် နိုင်ငံရဲ့အခြေအနေအရ လာမယ့်နှစ်ထဲ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေမရှိဘူးလို့ သုံးသပ်တာတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက အိမ်နီးချင်းအင်အားကြီး နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေဟာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ကော်မရှင်ကို ရှေ့ဆင့်နောက်ဆင့် သွားရောက်တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။