Connect with us

Hi, what are you looking for?

News

သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ဆုံခွင့်ရဖို့ စစ်ခေါင်းဆောင်ကို ဟွန်ဆန်တောင်းဆို၊ တွေ့ဆုံသင့်တဲ့အခြားသူတွေနဲ့သာတွေ့ဆုံဖို့ စစ်ခေါင်းဆောင်တုံ့ပြန်

မေလကုန်ပိုင်း အာဆီယံအထူးကိုယ်အထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ်မြောက်ခရီးစဉ်လာရောက်နိုင်ရေးစီစဉ်ဖို့ ၊ ခရီးစဉ်အတွင်းမှာ သမ္မတ ဦးဝင်းမြင့် ၊ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ဆုံခွင့်ပေးဖို့ ဟွန်ဆန်က စစ်ခေါင်းဆောင်ကို ဆွေးနွေးပါတယ်။

ဓာတ်ပုံ − AFP

ဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခွင့်ပြုဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တောင်းဆိုလိုက်ပါတယ်။

မနေ့က အွန်လိုင်းကနေ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံမှုမှာဟွန်ဆန်က တောင်းဆိုလိုက်တာပါ။

မေလကုန်ပိုင်း အာဆီယံအထူးကိုယ်အထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ်မြောက်ခရီးစဉ်လာရောက်နိုင်ရေးစီစဉ်ဖို့ ၊ ခရီးစဉ်အတွင်းမှာ သမ္မတ ဦးဝင်းမြင့် ၊ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ဆုံခွင့်ပေးဖို့ ဟွန်ဆန်က စစ်ခေါင်းဆောင်ကို ဆွေးနွေးပါတယ်။

ဒါအပြင် ဖမ်းဆီးခံထားရတဲ့ NLD အစိုးရ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကိုလည်းလွှတ်ပေးဖို့ တိုက်တွန်းပါသေးတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ခေါင်းဆောင်က ဟွန်ဆန်ရဲ့ တောင်းဆိုမှုအပေါ် အခြားသော တွေ့ဆုံသင့်သူတွေနဲ့သာ တွေ့ဆုံဖို့ တုံ့ပြန်ခဲ့တယ်လို့ ကမ္ဘောဒီးယားအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဟွန်ဆန်ဟာ မြန်မာ့အရေးကိုကြားဝင်ဖြေရှင်းနိုင်ဖို့ဆိုပြီး ဒီနှစ်ဆန်းပိုင်းမှာ ဝေဖန်မှုတွေကြားထဲက နေပြည်တော်ကိုလာရောက်ကာ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဟွန်ဆန်နေပြည်တော် ကိုခြေချတဲ့နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ရဟတ်ယာဉ် ဌားရမ်း၊ဝယ်ယူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဂတိပုဒ်မ ၅ မှု နဲ့ ထပ်တိုးတရားစွဲတာမျိုးလုပ်ခဲ့ပါတယ်။

ဒါအပြင် အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့် မပေးခဲ့ပါဘူး။

ကုလသမဂ္ဂရေးရာ ကျွမ်းကျင်သူ တွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီကတော့ မြန်မာ့အရေးဖြေရှင်းပေးဖို့ အာဆီယံ က ချမှတ်ထားတဲ့ သဘောတူညီချက် ၅ ချက်ဟာ စစ်ကောင်စီက မလိုက်နာတဲ့အတွက် ကျရှုံးသွားပြီလို့ ထောက်ပြဝေဖန်ထားပါတယ်။

ဒါကြောင့် စစ်ကောင်စီလုပ်ထားတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံဟာ NUG ၊ကုလသမဂ္ဂလုံခြုံရေးကောင်စီ တို့နဲ့ပူးပေါင်းပြီး နည်းလမ်းသစ်ရှာဖွေသင့်တယ်လို့လည်းအကြံပြုထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

လူထု‌ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ အမြန်ဆုံး ပြန်ဆုံတွေ့ပါစေလို့ အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ မှာ ဆုတောင်းပေးခဲ့ပါတယ်။