Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ်က ​ရွှေဘိုမြို့နယ် ​ညောင်ပင်သာရွာမှ ပြည်သူ ၆ ဦးကိုသတ်ပြီးရွာလယ်လမ်းတွင်အ​လောင်းထားသွား

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာကို ဧပြီလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီးများဖြင့် ဝင်ရောက်ပစ်ခတ်မွှေနှောက်ခဲ့၍ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

(အာဏာသိမ်းစစ်​ကောင်စီတပ်၏အကြမ်းဖက်သတ်ဖြတ် ခြင်းခံရ​​သော ​ညောင်ပင်သာရွာ ဆိုင်းဘုတ်)

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင်အကြမ်းဖက် စစ်ကောင်စီတပ်က ​ဒေသခံပြည်သူ ၆ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းများအား ရွာလယ်လမ်းမတွင် ပစ်ထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာကို ဧပြီလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီးများဖြင့် ဝင်ရောက်ပစ်ခတ်မွှေနှောက်ခဲ့၍ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Public Service Announcement

​လေးရက်အကြာ ယနေ့ မေလ ၃ ရက်နေ့တွင် ကျေးရွာအတွင်း ရွာလယ်လမ်းမ၌ ရုပ်အလောင်းငါးလောင်းကို တွေ့ရှိခဲ့ရပြီး နေအိမ်တစ်အိမ်၌လည်း အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

ညောင်ပင်သာကျေးရွာကို ဝင်ရောက်ခဲ့စဥ်ကအကြမ်းဖက် စစ်ကောင်စီတပ်သား ၃၀ ခန့်ရှိပြီး မြင်းစီးကျေးရွာနှင့် ပန်းရံရွာမှ ပျူစောထီး ၈၀ ခန့်လည်း ပါဝင်သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ​ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ဧပြီလလယ်ပိုင်းမှစတင်ကာ ရွှေဘိုခရိုင်အတွင်း ကျေးရွာအမြောက်အများအား စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိပြီး ရွာခံပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။