Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ​ရွှေဘိုမြို့နယ် ​ညောင်ပင်သာရွာမှ ပြည်သူ ၆ ဦးကိုသတ်ပြီးရွာလယ်လမ်းတွင်အ​လောင်းထားသွား

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာကို ဧပြီလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီးများဖြင့် ဝင်ရောက်ပစ်ခတ်မွှေနှောက်ခဲ့၍ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

(အာဏာသိမ်းစစ်​ကောင်စီတပ်၏အကြမ်းဖက်သတ်ဖြတ် ခြင်းခံရ​​သော ​ညောင်ပင်သာရွာ ဆိုင်းဘုတ်)

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင်အကြမ်းဖက် စစ်ကောင်စီတပ်က ​ဒေသခံပြည်သူ ၆ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းများအား ရွာလယ်လမ်းမတွင် ပစ်ထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာကို ဧပြီလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီးများဖြင့် ဝင်ရောက်ပစ်ခတ်မွှေနှောက်ခဲ့၍ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Public Service Announcement

​လေးရက်အကြာ ယနေ့ မေလ ၃ ရက်နေ့တွင် ကျေးရွာအတွင်း ရွာလယ်လမ်းမ၌ ရုပ်အလောင်းငါးလောင်းကို တွေ့ရှိခဲ့ရပြီး နေအိမ်တစ်အိမ်၌လည်း အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

ညောင်ပင်သာကျေးရွာကို ဝင်ရောက်ခဲ့စဥ်ကအကြမ်းဖက် စစ်ကောင်စီတပ်သား ၃၀ ခန့်ရှိပြီး မြင်းစီးကျေးရွာနှင့် ပန်းရံရွာမှ ပျူစောထီး ၈၀ ခန့်လည်း ပါဝင်သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ​ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ဧပြီလလယ်ပိုင်းမှစတင်ကာ ရွှေဘိုခရိုင်အတွင်း ကျေးရွာအမြောက်အများအား စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိပြီး ရွာခံပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။