Connect with us

Hi, what are you looking for?

News

စစ်တပ်အာဏာသိမ်းမှု​ကြောင့် သတင်းလွတ်လပ်ခွင့် ကမ္ဘာ့အဆိုးရွားဆုံးငါးနိုင်​မြောက်မြန်မာဖြစ်လာ

နိုင်ငံပေါင်း ၁၈၀ အနက်အဆင့် ၁၇၆ တွင်ရပ်တည်​နေပြီးနောက်ဆုံးမှ ပြန်လည်ရေတွက်လျှင် အဆင့် ၅ နေရာ၌ရှိ​နေခြင်းဖြစ်သည်။ မြန်မာ၏ အောက်တွင် တာမင်နစ်စတန်၊ အီရန်၊ အီထရီယားနှင့် မြောက်ကိုရီးယားတို့သာကျန်ရှိသည်။

တစ်နှစ်အတွင်း အဆင့် ၃၆ ဆင့်ပြုတ်ကျ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းသည်ကမ္ဘာ့အဆိုးရွားဆုံး ၅ နိုင်ငံစာရင်းတွင် ပါဝင်လာ​ကြောင်းနယ်စည်းမခြားသတင်းထောက်များ(RSF)က ယနေ့ထုတ်ပြန်သည်။

ယနေ့ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် RSF က ၎င်းတို့၏ သတင်းစာလွတ်လပ်ခွင့်ညွှန်ကိန်းကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံ၏စာနယ်ဇင်းလွတ်လပ်ခွင့်သည် အာဏာသိမ်းပြီးနောက်ပိုင်း လွန်ခဲ့သည့် ၁၀ နှစ်က အခြေအနေကို ပြန်ရောက်သွားကာ အဆိုးရွားဆုံးနိုင်ငံများစာ ရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။

နိုင်ငံပေါင်း ၁၈၀ အနက်အဆင့် ၁၇၆ တွင်ရပ်တည်​နေပြီးနောက်ဆုံးမှ ပြန်လည်ရေတွက်လျှင် အဆင့် ၅ နေရာ၌ရှိ​နေခြင်းဖြစ်သည်။ မြန်မာ၏ အောက်တွင် တာမင်နစ်စတန်၊ အီရန်၊ အီထရီယားနှင့် မြောက်ကိုရီးယားတို့သာကျန်ရှိသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီ ၃၀ ရက်အထိ့ မိဒီယာလွတ်လပ်ခွင့်အ​ခြေအ​နေ​ကြောင့် ၂၀၂၁ တွင် မြန်မာသည် အဆင့် ၁၄၀ ၌ ရပ်တည်ခဲ့ရာမှ ယခုနှစ်တွင် အဆင့် ၃၀ ​ကျော် ပြုတ်ကျကာ ​နောက်ဆုံးနား​ရောက်ခဲ့ခြင်းဖြစ်သည်။
အရပ်သားအစိုးရလက် ထက်တွင် မီဒီယာလွတ်လပ်ခွင့်မှာ အမြင့်ဆုံး ၁၃၁ ၊ အနိမ့်ဆုံး ၁၄၃ တွင် ရပ်တည်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ မြန်မာသည် အလွန်ဆိုးရွားသော(very bad)ဇုန်တွင် ရောက်ရှိနေပြီး မြန်မာ၏အထက်တွင် တရုတ်နှင့် ဗီယက်နမ်တို့ရှိနေသည်။

စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၁၆၀ ကျော် ဖမ်းဆီးခံရပြီး ၅၀ ကျော်မှာ လက်ရှိအချိန်အထိ အကျဉ်းထောင်များအတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်။ထို​ကြောင့်သတင်း​ထောက်များဖမ်းဆီး​ထောင်ချခံရမှုတွင် ကမ္ဘာ၌ တရုတ်ပြီးလျှင်ဘမြန်မာကအဆိုးဆုံးဖြစ်သည်။

အလွတ်တန်းသတင်းထောက် ကိုစိုးနိုင်သည် သတင်းရယူစဉ်ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေး၌ စစ်တပ်၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ အခြားသော သတင်းသမားနှစ်ဦးသည်လည်း စစ်တပ်၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်သည် ဆိတ်သုဉ်းနေ ပြီး စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း ဥရောပသမဂ္ဂ(EU)နှင့် အနောက်နိုင်ငံများက ထုတ်ပြန် ထားသည်။

ထိုအပြင် သတင်းဌာန​ပေါင်း ဆယ်နှင့်ချီ၍ လိုင်စင်ပိတ်သိမ်းခံထားရပြီး ပြည်တွင်း၌ အမှီအခိုကင်းပြီးလွတ်လပ်​သောသတင်းဌာန မကျန်ရှိ​တော့​ကြောင်လည်း ပြင်သစ်သံရုံးကလည်းယ​နေထုတ်ပြန်ထားသည်။

တချိန်တည်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသော သတင်းသမားအားလုံးနှင့် မတရားဖမ်းဆီးချုပ်နှောင်ခံ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးရန် အီးယူက တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဇူလိုင်-၂၄၊၂၀၂၆။People’s Spring ဒီ​နေ့ဟာ စစ်တပ်အာဏာသိမ်းတာ ရက်​ပေါင်း ၂၀၀၀ တိတိပြည့်တဲ့​နေ့ပါ။ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၂၀ မှာ ကမ္ဘာ့ကပ်​ရောဂါ ကိုဗစ်ရင်ဆိုင်ခဲ့ရ​ပေမယ့် ​အရပ်သားအစိုးရဦး​ဆောင်မှုနဲ့ ကပ်​​ရောဂါကိုအ​ကောင်းဆုံးရင်ဆိုင်ပြီး ကိုဗစ်အလွန်ကာလမှာ ပြန်လည်ထူ​ထောင်​ရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး​ရေး​တွေကို အရှိန်အဟုန်းနဲ့ လုပ်ဖို့ ပြင်ဆင်ထားချိန်မှာပဲ မင်း​အောင်လှိုင် ဦး​ဆောင်တဲ့စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းတာက...

သတင်း

စစ်တပ်ရဲ့ ပြည်တွင်း၊ပြည်ပ ထုတ်ကုန်ကန့်သတ်မှုတွေကြောင့် ကြက်စာတွေဈေးကြီးပြီး ဝယ်လိုအားကို မဖြည့်နိုင်တာကြောင့် ကြက်ဥ ဈေး ကျပ် ၇၀၀အထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

သတင်း

“ကြောက်မက်ဖွယ်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားဖိနှိပ်မှုတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်” – ဥရောပသမဂ္ဂသံအမတ်ကြီး ဧပြီ-၂၊ ၂၀၂၆။ သော်မွန်/People’s Spring မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအကျပ်အတည်းဟာ အဆိုးရွားဆုံးနဲ့ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက လျစ်လျူရှုထားလို့ မရကြောင်း ဗြိတိန်လူ့အခွင့်အရေးသံအမတ်ကြီးအယ်လီနာဆန်ဒါးစ်က ပြောပါတယ်။ မတ်လ ၃၁ ရက်က...

ဆောင်းပါး

စစ်တပ်အာဏာသိမ်း ၄ နှစ်ပြည့်​ဆောင်းပါး ကဖေး/People’s Spring မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံး သန်းကျော်ရှိနေပြီး အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာရုံး (UNOCHA)ရဲ့ နောက်ဆုံးထုတ်ထားတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အဲဒီ သုံးသန်းကျော်မှာ ကလေးနှစ်ဦးမိခင်မဇင်မာတစ်ယောက်ပါဝင်ပါတယ်။ Public Service Announcement မဇင်မာက အညာသူစစ်စစ်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက...