Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်အာဏာသိမ်းမှု​ကြောင့် သတင်းလွတ်လပ်ခွင့် ကမ္ဘာ့အဆိုးရွားဆုံးငါးနိုင်​မြောက်မြန်မာဖြစ်လာ

နိုင်ငံပေါင်း ၁၈၀ အနက်အဆင့် ၁၇၆ တွင်ရပ်တည်​နေပြီးနောက်ဆုံးမှ ပြန်လည်ရေတွက်လျှင် အဆင့် ၅ နေရာ၌ရှိ​နေခြင်းဖြစ်သည်။ မြန်မာ၏ အောက်တွင် တာမင်နစ်စတန်၊ အီရန်၊ အီထရီယားနှင့် မြောက်ကိုရီးယားတို့သာကျန်ရှိသည်။

တစ်နှစ်အတွင်း အဆင့် ၃၆ ဆင့်ပြုတ်ကျ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းသည်ကမ္ဘာ့အဆိုးရွားဆုံး ၅ နိုင်ငံစာရင်းတွင် ပါဝင်လာ​ကြောင်းနယ်စည်းမခြားသတင်းထောက်များ(RSF)က ယနေ့ထုတ်ပြန်သည်။

ယနေ့ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် RSF က ၎င်းတို့၏ သတင်းစာလွတ်လပ်ခွင့်ညွှန်ကိန်းကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံ၏စာနယ်ဇင်းလွတ်လပ်ခွင့်သည် အာဏာသိမ်းပြီးနောက်ပိုင်း လွန်ခဲ့သည့် ၁၀ နှစ်က အခြေအနေကို ပြန်ရောက်သွားကာ အဆိုးရွားဆုံးနိုင်ငံများစာ ရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။

နိုင်ငံပေါင်း ၁၈၀ အနက်အဆင့် ၁၇၆ တွင်ရပ်တည်​နေပြီးနောက်ဆုံးမှ ပြန်လည်ရေတွက်လျှင် အဆင့် ၅ နေရာ၌ရှိ​နေခြင်းဖြစ်သည်။ မြန်မာ၏ အောက်တွင် တာမင်နစ်စတန်၊ အီရန်၊ အီထရီယားနှင့် မြောက်ကိုရီးယားတို့သာကျန်ရှိသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီ ၃၀ ရက်အထိ့ မိဒီယာလွတ်လပ်ခွင့်အ​ခြေအ​နေ​ကြောင့် ၂၀၂၁ တွင် မြန်မာသည် အဆင့် ၁၄၀ ၌ ရပ်တည်ခဲ့ရာမှ ယခုနှစ်တွင် အဆင့် ၃၀ ​ကျော် ပြုတ်ကျကာ ​နောက်ဆုံးနား​ရောက်ခဲ့ခြင်းဖြစ်သည်။
အရပ်သားအစိုးရလက် ထက်တွင် မီဒီယာလွတ်လပ်ခွင့်မှာ အမြင့်ဆုံး ၁၃၁ ၊ အနိမ့်ဆုံး ၁၄၃ တွင် ရပ်တည်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ မြန်မာသည် အလွန်ဆိုးရွားသော(very bad)ဇုန်တွင် ရောက်ရှိနေပြီး မြန်မာ၏အထက်တွင် တရုတ်နှင့် ဗီယက်နမ်တို့ရှိနေသည်။

စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၁၆၀ ကျော် ဖမ်းဆီးခံရပြီး ၅၀ ကျော်မှာ လက်ရှိအချိန်အထိ အကျဉ်းထောင်များအတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်။ထို​ကြောင့်သတင်း​ထောက်များဖမ်းဆီး​ထောင်ချခံရမှုတွင် ကမ္ဘာ၌ တရုတ်ပြီးလျှင်ဘမြန်မာကအဆိုးဆုံးဖြစ်သည်။

အလွတ်တန်းသတင်းထောက် ကိုစိုးနိုင်သည် သတင်းရယူစဉ်ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေး၌ စစ်တပ်၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ အခြားသော သတင်းသမားနှစ်ဦးသည်လည်း စစ်တပ်၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်သည် ဆိတ်သုဉ်းနေ ပြီး စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း ဥရောပသမဂ္ဂ(EU)နှင့် အနောက်နိုင်ငံများက ထုတ်ပြန် ထားသည်။

ထိုအပြင် သတင်းဌာန​ပေါင်း ဆယ်နှင့်ချီ၍ လိုင်စင်ပိတ်သိမ်းခံထားရပြီး ပြည်တွင်း၌ အမှီအခိုကင်းပြီးလွတ်လပ်​သောသတင်းဌာန မကျန်ရှိ​တော့​ကြောင်လည်း ပြင်သစ်သံရုံးကလည်းယ​နေထုတ်ပြန်ထားသည်။

တချိန်တည်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသော သတင်းသမားအားလုံးနှင့် မတရားဖမ်းဆီးချုပ်နှောင်ခံ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးရန် အီးယူက တောင်းဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ခွန်းနိုတယောက်လည်း ကရင်နီဒေသက စစ်ဘေးရှောင် ယာယီတဲတခုထဲမှာ လဲလျောင်းနေရင်း မသန်စွမ်းသူတယောက်ရဲ့ ဒုက္ခတွေကို ခါးစည်းခံနေရပါတယ်။

သတင်း

အင်အားကြီးမားသည့် ဆိုင်ကလုန်းမုန်တိုင်း မေလ ၁၄ရက်တွင် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မြို့နယ်များသို့ ဝင်ရောက်ခဲ့ရာ ကြိုတင်ပြင်ဆင်မှုရ၍ လူသေဆုံးမှု နည်းသော် လည်း အိုးအိမ်ပျက်စီးမှု အများအပြားကြုံရသည်ဟု ဆိုသည်။

သတင်း

အစီရင်ခံစာ အဆုံးသတ်၌ Noeleen Heyzer က မြန်မာနိုင်ငံတွင် ကြေကွဲဝမ်းနည်းဖွယ်ရာများနှင့် မသေချာမှုများ ရှိနေသည့်တိုင် နိုင်ငံအတွင်း မကြုံစဖူး စည်းလုံးညီညွတ်မှုများ ရှိနေကြောင်း ပြောသည်။

သတင်း

၂၀၂၃တွင်ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းမှာ ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်က ၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံက ၅ ဒသမ ၈ ရာခိုင်နှုန်းရှိသည်ဟု IMFကဆိုထားသည်။