Connect with us

Hi, what are you looking for?

News

လေးကေနှင့်ဝင်းတာပန်ဒေသသို့ စစ်ကူပို့မည့် စစ်ကောင်စီနှင့် BGFတပ်များ ဒေသခံများကိုဖမ်းပြီး လူသားဒိုင်းအဖြစ်သုံးရန်စီစဉ်နေဟု KNUပြော

ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူလူထုများကို ဖမ်းဆီးနေခြင်းဖြစ်ပြီး အဆိုပါ စစ်ကောင်စီနှင့် BGF တပ်တို့သည် လေးကေ၊ ဝင်းတာပန်ဘက်သို့ စစ်ကူလာမည်ဟု သတင်းရထားကြောင်း၊ တိုက်ပွဲများပိုမိုဖြစ်ပွားလာနိုင်ကြောင်း ပဒိုစောစိုးမြင့်က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘီးလင်းမြို့နယ် ဝင်းတာပန်နှင့် လေးကေဒေသရှိ စစ်ကောင်စီတပ်စခန်းများသို့ စစ်ကူပို့ရန်ပြင်ဆင်နေသည့် စစ်ကောင်စီတပ်နှင့်၎င်း၏ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)တို့သည် ဒေသခံများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုရန်စီစဉ်နေကြောင်း KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်ဥက္ကဋ္ဌပဒိုစောစိုးမြင့်က ပြောသည်။

“ဒေသတွင်းမှာ ကျွန်တော်တို့ကြားတာက ဗိုလ်တင်ဝင်းတို့အဖွဲ့နဲ့ စကစတွေ ပူးပေါင်းပြီးတော့ စစ်ကြောင်းချီလာတယ်လို့ကြားတယ်။ ရွာသားအယောက် ၁၀၀ကျော် ဖမ်းထားပြီး လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ပေါ်တာဆွဲနေတာပေါ့”ဟု ၎င်းက ဆိုသည်။

(ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ် လေးကေကျေးရွာအား အာဏာသိမ်းစစ်ကောင်စီမှ လေယာဥ်ဖြင့် တစ်ရက်တည်းတွင် နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့မှုကြောင့် နေအိမ် ၁၀လုံးနှင့် သီလရှင်ကျောင်းဆောင် မီးလောင်ပျက်စီးနေသည်ကို မေလ၁ရက်က တွေ့ရစ်၊ ဓာတ်ပုံ – KNU-Doo Tha Htu District)

ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူလူထုများကို ဖမ်းဆီးနေခြင်းဖြစ်ပြီး အဆိုပါ စစ်ကောင်စီနှင့် BGF တပ်တို့သည် လေးကေ၊ ဝင်းတာပန်ဘက်သို့ စစ်ကူလာမည်ဟု သတင်းရထားကြောင်း၊ တိုက်ပွဲများပိုမိုဖြစ်ပွားလာနိုင်ကြောင်း ပဒိုစောစိုးမြင့်က ပြောသည်။

အဆိုပါ လေးကေနှင့် ဝင်းတာပန် စစ်ကောင်စီတပ်စခန်းများ ဧပြီ ၂၃ရက် နောက်ဆုံးထားပြီး နယ်မြေအတွင်းမှ ဆုတ်ခွာပေးရန် KNU တပ်မဟာ(၁)နယ်မြေရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း(၁)က ကြေညာချက်ထုတ်ပြန်ထားသည်။ သို့ရာတွင် စစ်ကောင်စီတပ်စခန်းများ ဆုတ်ခွာခြင်းမရှိ၍ သတိပေးပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အဆိုပါဒေသ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

(ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ် လေးကေကျေးရွာအား အာဏာသိမ်းစစ်ကောင်စီမှ လေယာဥ်ဖြင့် တစ်ရက်တည်းတွင် နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့မှုကြောင့် နေအိမ် ၁၀လုံးနှင့် သီလရှင်ကျောင်းဆောင် မီးလောင်ပျက်စီးနေသည်ကို မေလ၁ရက်က တွေ့ရစ်၊ ဓာတ်ပုံ – KNU-Doo Tha Htu District)

စစ်ကောင်စီတပ်ကလည်း လေးကေရွာကို လေယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ လူနေအိမ်များထိခိုက်ပျက်စီးမှုရှိခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့၍ ဘီးလင်းမြို့နယ်ရှိဒေသခံ ၇,၀၀၀ခန့် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNUက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။

Facebook