Connect with us

Hi, what are you looking for?

LuduNwayOo

News

လေးကေနှင့်ဝင်းတာပန်ဒေသသို့ စစ်ကူပို့မည့် စစ်ကောင်စီနှင့် BGFတပ်များ ဒေသခံများကိုဖမ်းပြီး လူသားဒိုင်းအဖြစ်သုံးရန်စီစဉ်နေဟု KNUပြော

ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူလူထုများကို ဖမ်းဆီးနေခြင်းဖြစ်ပြီး အဆိုပါ စစ်ကောင်စီနှင့် BGF တပ်တို့သည် လေးကေ၊ ဝင်းတာပန်ဘက်သို့ စစ်ကူလာမည်ဟု သတင်းရထားကြောင်း၊ တိုက်ပွဲများပိုမိုဖြစ်ပွားလာနိုင်ကြောင်း ပဒိုစောစိုးမြင့်က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘီးလင်းမြို့နယ် ဝင်းတာပန်နှင့် လေးကေဒေသရှိ စစ်ကောင်စီတပ်စခန်းများသို့ စစ်ကူပို့ရန်ပြင်ဆင်နေသည့် စစ်ကောင်စီတပ်နှင့်၎င်း၏ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)တို့သည် ဒေသခံများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုရန်စီစဉ်နေကြောင်း KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်ဥက္ကဋ္ဌပဒိုစောစိုးမြင့်က ပြောသည်။

“ဒေသတွင်းမှာ ကျွန်တော်တို့ကြားတာက ဗိုလ်တင်ဝင်းတို့အဖွဲ့နဲ့ စကစတွေ ပူးပေါင်းပြီးတော့ စစ်ကြောင်းချီလာတယ်လို့ကြားတယ်။ ရွာသားအယောက် ၁၀၀ကျော် ဖမ်းထားပြီး လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ပေါ်တာဆွဲနေတာပေါ့”ဟု ၎င်းက ဆိုသည်။

(ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ် လေးကေကျေးရွာအား အာဏာသိမ်းစစ်ကောင်စီမှ လေယာဥ်ဖြင့် တစ်ရက်တည်းတွင် နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့မှုကြောင့် နေအိမ် ၁၀လုံးနှင့် သီလရှင်ကျောင်းဆောင် မီးလောင်ပျက်စီးနေသည်ကို မေလ၁ရက်က တွေ့ရစ်၊ ဓာတ်ပုံ – KNU-Doo Tha Htu District)

ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူလူထုများကို ဖမ်းဆီးနေခြင်းဖြစ်ပြီး အဆိုပါ စစ်ကောင်စီနှင့် BGF တပ်တို့သည် လေးကေ၊ ဝင်းတာပန်ဘက်သို့ စစ်ကူလာမည်ဟု သတင်းရထားကြောင်း၊ တိုက်ပွဲများပိုမိုဖြစ်ပွားလာနိုင်ကြောင်း ပဒိုစောစိုးမြင့်က ပြောသည်။

အဆိုပါ လေးကေနှင့် ဝင်းတာပန် စစ်ကောင်စီတပ်စခန်းများ ဧပြီ ၂၃ရက် နောက်ဆုံးထားပြီး နယ်မြေအတွင်းမှ ဆုတ်ခွာပေးရန် KNU တပ်မဟာ(၁)နယ်မြေရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း(၁)က ကြေညာချက်ထုတ်ပြန်ထားသည်။ သို့ရာတွင် စစ်ကောင်စီတပ်စခန်းများ ဆုတ်ခွာခြင်းမရှိ၍ သတိပေးပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အဆိုပါဒေသ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

(ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ် လေးကေကျေးရွာအား အာဏာသိမ်းစစ်ကောင်စီမှ လေယာဥ်ဖြင့် တစ်ရက်တည်းတွင် နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့မှုကြောင့် နေအိမ် ၁၀လုံးနှင့် သီလရှင်ကျောင်းဆောင် မီးလောင်ပျက်စီးနေသည်ကို မေလ၁ရက်က တွေ့ရစ်၊ ဓာတ်ပုံ – KNU-Doo Tha Htu District)

စစ်ကောင်စီတပ်ကလည်း လေးကေရွာကို လေယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ လူနေအိမ်များထိခိုက်ပျက်စီးမှုရှိခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့၍ ဘီးလင်းမြို့နယ်ရှိဒေသခံ ၇,၀၀၀ခန့် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNUက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။