Connect with us

Hi, what are you looking for?

News

မူဆယ်တွင် TNLA တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ၁၂ဦးသေ

“စစ်တပ်က အရပ်သားနှစ်ယောက်စီးလာတဲ့ အမိုးဖွင့်ကားကို ပေါ်တာဆွဲပြီး တက်လိုက်လာတာ။ မော့တောင်းနားမှ TNLA နဲ့ တွေ့ပြီး တိုက်ပွဲဖြစ်တာ။ RPG စာမိတာလို့ကြားတယ်။ စစ်ခွေးအလောင်းတွေ ပုံထပ်နေတာပဲ “ဟု ဒေသခံတစ်ဦးက ပြောသည်။

(TNLA တပ်သားများအား တွေ့ရစဥ်)

စစ်ကောင်စီတပ် ပေါ်တာဆွဲလာ‌သည့် အရပ်သားနှစ်ဦးလည်း တိုက်ပွဲတွင်သေဆုံးဟုဆို

မူဆယ်မြို့နယ် မော့တောင်းရွာအနီး ယနေ့ညနေ ၅နာရီခန့်ကဖြစ်ပွားသည့်တိုက်ပွဲတွင် TNLA ၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦး သေဆုံးသွားခဲ့သည်။

မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းပိုင်း နမ့်ဖက်ကာနှင့်မူဆယ်ကြားမှ မော့တောင်းကျေးရွာအနီး​တွင် အကြမ်းဖက်စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီအလောင်းများ ပုံထပ်နေသည်ဟု ဒေသခံများကပြောသည်။

“စစ်တပ်က အရပ်သားနှစ်ယောက်စီးလာတဲ့ အမိုးဖွင့်ကားကို ပေါ်တာဆွဲပြီး တက်လိုက်လာတာ။ မော့တောင်းနားမှ TNLA နဲ့ တွေ့ပြီး တိုက်ပွဲဖြစ်တာ။ RPG စာမိတာလို့ကြားတယ်။ စစ်ခွေးအလောင်းတွေ ပုံထပ်နေတာပဲ “ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီပေါ်တာဆွဲလာသည့် ကားပေါ်ပါ အရပ်သားနှစ်ဦးသည်တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးလည်း သေဆုံးသည်ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

“အရပ်သားနှစ်ဦးအလောင်းကို လူမှုရေးအဖွဲ့တွေ လာသယ်သွားတယ်။ စစ်ခွေးတွေရဲ့ အလောင်းတွေကိုတော့ အသယ်မခံဘူး။ သူတို့ဘာသာ သယ်မယ့်ပုံပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။

အထိနာသည့် စစ်ကောင်စီက စစ်ကြောင်းထိုးလာဖွယ်ရှိ၍ ဒေသခံများက စိုးရိမ်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်