Connect with us

Hi, what are you looking for?

LuduNwayOo

News

မူဆယ်တွင် TNLA တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ၁၂ဦးသေ

“စစ်တပ်က အရပ်သားနှစ်ယောက်စီးလာတဲ့ အမိုးဖွင့်ကားကို ပေါ်တာဆွဲပြီး တက်လိုက်လာတာ။ မော့တောင်းနားမှ TNLA နဲ့ တွေ့ပြီး တိုက်ပွဲဖြစ်တာ။ RPG စာမိတာလို့ကြားတယ်။ စစ်ခွေးအလောင်းတွေ ပုံထပ်နေတာပဲ “ဟု ဒေသခံတစ်ဦးက ပြောသည်။

(TNLA တပ်သားများအား တွေ့ရစဥ်)

စစ်ကောင်စီတပ် ပေါ်တာဆွဲလာ‌သည့် အရပ်သားနှစ်ဦးလည်း တိုက်ပွဲတွင်သေဆုံးဟုဆို

မူဆယ်မြို့နယ် မော့တောင်းရွာအနီး ယနေ့ညနေ ၅နာရီခန့်ကဖြစ်ပွားသည့်တိုက်ပွဲတွင် TNLA ၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦး သေဆုံးသွားခဲ့သည်။

မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းပိုင်း နမ့်ဖက်ကာနှင့်မူဆယ်ကြားမှ မော့တောင်းကျေးရွာအနီး​တွင် အကြမ်းဖက်စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီအလောင်းများ ပုံထပ်နေသည်ဟု ဒေသခံများကပြောသည်။

“စစ်တပ်က အရပ်သားနှစ်ယောက်စီးလာတဲ့ အမိုးဖွင့်ကားကို ပေါ်တာဆွဲပြီး တက်လိုက်လာတာ။ မော့တောင်းနားမှ TNLA နဲ့ တွေ့ပြီး တိုက်ပွဲဖြစ်တာ။ RPG စာမိတာလို့ကြားတယ်။ စစ်ခွေးအလောင်းတွေ ပုံထပ်နေတာပဲ “ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီပေါ်တာဆွဲလာသည့် ကားပေါ်ပါ အရပ်သားနှစ်ဦးသည်တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးလည်း သေဆုံးသည်ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

“အရပ်သားနှစ်ဦးအလောင်းကို လူမှုရေးအဖွဲ့တွေ လာသယ်သွားတယ်။ စစ်ခွေးတွေရဲ့ အလောင်းတွေကိုတော့ အသယ်မခံဘူး။ သူတို့ဘာသာ သယ်မယ့်ပုံပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။

အထိနာသည့် စစ်ကောင်စီက စစ်ကြောင်းထိုးလာဖွယ်ရှိ၍ ဒေသခံများက စိုးရိမ်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။