Connect with us

Hi, what are you looking for?

News

ဟားခါးမှ က​လေးမြို့သို့ အကျဥ်းသား​ပြောင်း​သောစစ်​ကောင်စီယာဥ်တန်းကို CDF တိုက်ခိုက်

တိုက်ခိုက်ခံရသည့်စစ်​ကောင်စီ ယာဉ်တန်းတွင်စစ်သား ၁၀၀ ​ကျော်ပါဝင်ပြီး မေ ၂ ရက်က ဟားခါးမြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။ အဆိုပါယာဉ်တန်းသည် ဖလမ်းမြို့သို့ ဦးတည်ပြီး ဆက်လက်မောင်းနှင်နေသည်ဟု ဒေသခံများအချို့က​ပြောသည်။

(တိုက်ပွဲဖြစ်ပွားခဲ့​သော​နေရာအနီးရှိ ​​ဒေါက်ထက်​ကျေးရွာကို စစ်​ကောင်စီတပ်ကမီးရှို့ခဲ့သဖြင့် ၂၀၂၁ တွင်မီး​လောင်ခဲ့စဥ် ဓါတ်ပုံ-CJ)

စစ်​ကောင်စီတပ်သား ၁၃ ဦး​သေဟု CDF တပ်ဖွဲ့ဝင်အချို့​ပြော

ဟားခါးမြို့မှ ကလေးမြို့သို့ အကျဉ်သားပြောင်းရွှေ့သည့် စစ်ကောင်စီယာဉ်တန်းကို ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့များက မေ၄ ရက်(ယနေ့) ညနေပိုင်းတွင်တိုက်ခိုက်ခဲ့ကြောင်း ချင်းပြည်နယ်အခြေစိုက်သတင်းဌာနများနှင့် ဒေသခံကာကွယ်ရေးတပ်သားများထံရသိရသည်။

ဟားခါးမြို့မှ အကျဉ်းသား ၁၅ ဦးကို ကလေးမြို့ထောင်သို့ပို့ဆောင်သည့် တင့်ကား ၂စီးပါပြီး စုစု​ပေါင်းစစ်ကား ၂၇ စီးပါစစ်ကောင်ယာဉ်တန်းကို ဟားခါးမြို့ နှင့် ၁၂ မိုင်အကွာတွင်ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံအချို့ကပြာသည်။

ထိုတိုက်ခိုက်မူကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း​ကြောင်းလည်း ဒေသခံကာကွယ်ရေးတပ်များထံမှ သိရသည်။ သို့သော်စစ်​ကောင်စီတပ်သားများ​သေဆုံးမှုကို People’s Spring အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲသည် ချွန်ကျုံးကျေးရွာနှင့် ဒေါက်ထက်ကျေးရွာတို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်းဒေသတွင်း မီဒီယာအချို့ကဖော်ပြထားသည်။ ​ထောင်​ပြောင်း​ရွေ့​သောအကျဉ်းသားများထဲတွင် ၅၀၅ (က)ဖြင့် စစ်ကောင်စီတရားရုံးက အမိန့်ချခံထားရသူများပါဝင်ပြီး အခြားအမှုတွဲများလည်းပါဝင်သည်ဟု သိရသည်။

တိုက်ခိုက်ခံရသည့်စစ်​ကောင်စီ ယာဉ်တန်းတွင်စစ်သား ၁၀၀ ​ကျော်ပါဝင်ပြီး မေ ၂ ရက်က ဟားခါးမြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။ အဆိုပါယာဉ်တန်းသည် ဖလမ်းမြို့သို့ ဦးတည်ပြီး ဆက်လက်မောင်းနှင်နေသည်ဟု ဒေသခံများအချို့က​ပြောသည်။

ထိုစစ်ကောင်စီယာဉ်တန်းသည် ဟားခါး-ဖလမ်းလမ်းမပေါ်ရှိ ရမ်ထလိုရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“ရွာသားတွေကစစ်ကြောင်းချီလာတယ်ဆိုလို ထွက်ပြေးပြီး ရှောင်နေတာ၊ အဲ့တာ အိမ်တွေကိုမီးရှို့သွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။