Connect with us

Hi, what are you looking for?

News

ကြားကာလဒေသန္တရအုပ်ချုပ်ရေးစနစ်များကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီလိုအပ်သလို ဖွဲ့စည်းသွားမည်ဟု NUG ​ကြေညာ

ပုဒ်မ ၅၂ တွင် ပဋိညာဉ်ပါ ဖက်ဒရယ်တည်ဆောက်မှုအခြေခံဖြင့် ပြည်နယ်/ဖက်ဒရယ် ယူနစ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အရ သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ် ယူနစ်များ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးယန္တရားများကို လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်သွားရမည်ဟု ပြဌာန်းထားသည်။

(အရာ​တော်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေး ပြည်သူများဆန္ဒပြချီတက်ရာတွင် လုံခြုံ​ရေးအဖြစ် လိုက်ပါ​ဆောင်ရွက်​ပေး​နေ​သော ပြည်သူ့ကာကွယ်​ရေးတပ်မှ ရဲ​​ဘော်တစ်ဦးအား ​တွေ့ရစဥ်)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် ကြားကာလဒေသန္တရအုပ်ချုပ်ရေးစနစ်များကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ လိုအပ်သလို ဖွဲ့စည်းသွားမည်ဖြစ် ကြောင်း ယနေ့ထုတ်ပြန်​ကြေညာသည်။

တော်လှန်ရေးသည် အရေးကြီးသောအဆင့်ဖြစ်သည့် စိုးမိုးထိန်းချုပ်နယ်မြေများရယူကာ ကြားကာလဒေသန္တရအုပ်ချုပ်ရေးစနစ်များ ဖော်ဆောင်နေသည့်အဆင့်သို့ တက်လှမ်းနေပြီ ဖြစ်၍ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုလုပ်ငန်းများကို စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း NUG က ကြေညာသည်။

ထို့အပြင် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်များကို သက်ဆိုင်ရာ ပြည်နယ်/ဖယ်ဒရယ်ယူနစ် ကောင်စီများ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းအကောင်အထည်ဖေါ်ဆောင် ရွက်နေပြီဖြစ်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ အုပ်ချုပ်ရေးလုပ်ငန်းများကို အမျိုးသားညီညွတ်ရေး အစိုးရကသာ တာဝန်ယူ၍ သက်ဆိုင်ရာများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

သို့သော် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရ သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ယန္တရားများကို လိုအပ်သလို အကောင်အထည်ဖော်ဆောင်ရွက်မှုကို သက်ဆိုင်ရာ ပြည်နယ်/ ဖယ်ဒရယ်ယူနစ် များမှ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အခန်း (၈) ပုဒ်မ ၅၂၊ ၅၃ တို့ နှင့်အညီ အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဟု NUG က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပုဒ်မ ၅၂ တွင် ပဋိညာဉ်ပါ ဖက်ဒရယ်တည်ဆောက်မှုအခြေခံဖြင့် ပြည်နယ်/ဖက်ဒရယ် ယူနစ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အရ သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ် ယူနစ်များ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးယန္တရားများကို လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်သွားရမည်ဟု ပြဌာန်းထားသည်။

ပုဒ်မ ၅၃ တွင် ပြည်ထောင်စုနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အရေးကိစ္စများကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ တွင် ညှိနှိုင်းဆောင်ရွက်ရမည်ဟု ပြဌာန်းထားသည်။

သို့ရာတွင် မကြာသေးမီက NUG၏ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ဖွဲ့စည်းလုပ်ဆောင်ခြင်းသည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) မှ ရေးဆွဲ၍ ပြည်သူ့ညီလာခံ၌ အတည်ပြုထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း(၂)ပါ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် များ၏ အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရားစီရင်ရေးကဏ္ဍ တွင် ဖော်ပြထားသည့် လုပ်ပိုင်ခွင့်များနှင့် ဆန့်ကျင်နေသည်ဟု ကရင်နီပြည်၊ ပြည်ထဲရေးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် ကရင်နီပြည်နယ်အတွင်း ယခင်ကတည်းက ဖွဲ့စည်းတည်ဆောက်ထားသည့် တိုင်းရင်းသားတော်လှန် ရေးအဖွဲ့အစည်းများ နှင့်သော်လည်းကောင်း၊ ကရင်နီ ပြည်နယ် အတိုင်ပင်ခံကောင်စီနှင့်သော်လည်းကောင်း တစ်စုံတစ်ရာ ကြေလည်မှုရှိအောင် ညှိနှိုင်း ဆောင်ရွက်ခြင်း မပြုဘဲ ဖွဲ့စည်းထားသည့် မည်သည့် အုပ်ချုပ်ရေးအဖွဲ့ကိုမဆို လက်ခံသွားမည်မဟုတ်ကြောင်းနှင့် သက်ဆိုင်ရာမှ အမြန်ဆုံးပြန်လည်ရုပ်သိမ်းသွားရန် ကရင်နီပြည်၊ ပြည်ထဲရေးဌာနက အသိပေး ထားသည်။

ကရင်နီပြည်အရေးနှင့်ပတ်သက်၍ NUG ပြည်ထဲရေးဝန်ကြီးက NUG ၏ အုပ်ချုပ်ရေးစနစ်ကို တိုင်းများတွင်သာ အဓိက တည်ဆောက်နေပြီး ပြည်နယ်များ၏ အုပ်ချုပ်ရေးကို စွက်ဖက်ခြင်းမဟုတ်ကြောင်း ရှင်းလင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။