Connect with us

Hi, what are you looking for?

News

ချင်းတပ် CNAပါဝင်သည့် ဧပြီနောက်ဆုံးပတ်တိုက်ပွဲများတွင် စစ်ကောင်စီတပ် ၆၀ကျော်သေ

ဂန့်ဂေါမြို့မှ အင်အား ၂၀၀ခန့်ဖြင့်လာသည့် စစ်ကောင်စီတပ်ကို ဂန့်ဂေါ-ဟားခါး ကားလမ်းတစ်လျှောက်တွင် CNF/CNA ၊ ဟားခါးမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)၊ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ပါဝင်သော ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ အနည်းဆုံးငါးကြိမ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၆၁ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

(ချင်းအမျိုးသားတပ်မတော်(CNA) အပတ်စဉ် (၄၅) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားတစ်ခုကို တွေ့ရစဥ်)

ဂန့်ဂေါ – ဟားခါးလမ်းသို့ချီတက်လာသည့် စစ်ကြောင်းကို CDF၊ PDFတို့နှင့် အတူပူးပေါင်း တိုက်ခိုက်ခဲ့ဟု ထုတ်ပြန်

မကွေးတိုင်း ဂန့်ဂေါမှ ချင်းပြည်နယ် ဟားခါးမြို့သို့ ခြေလျင်ချီတက်လာသည့် စစ်ကောင်စီတပ်များကို ဧပြီ ၂၂ရက်မှ ၃၀ရက်အတွင်း အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၁ဦး သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ကယနေ့ ထုတ်ပြန်သည်။

ဂန့်ဂေါမြို့မှ အင်အား ၂၀၀ခန့်ဖြင့်လာသည့် စစ်ကောင်စီတပ်ကို ဂန့်ဂေါ-ဟားခါး ကားလမ်းတစ်လျှောက်တွင် CNF/CNA ၊ ဟားခါးမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)၊ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ပါဝင်သော ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ အနည်းဆုံးငါးကြိမ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၆၁ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

အဆိုပါ တိုက်ပွဲများအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်တောင်ပိုင်း မတူပီစစ်ဗျူဟာသို့ မကွေးတိုင်း ပခုက္ကူမြို့မှ အင်အားအလုံးအရင်းဖြင့် ချီတက်လာသော စစ်ကော်စီတပ်ဖွဲ့များအား မင်းတပ် CDFနှင့် မတူပီ CDF တို့က တိုက်ခိုက်ခဲ့ကြောင်း CNFက ထုတ်ပြန်သည်။ မတူပီသို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို မတ်လ ၂၆ရက်မှ ယနေ့အထိ CDF တပ်များက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်။

တစ်ဖက်တွင်လည်း ချင်းပြည်နယ် မြောက်ပိုင်း ဟားခါးမှ ဖလမ်းမြို့နယ်သို့ သွားသည့် စစ်ကောင်စီတပ်ကိုလည်း CNA နှင့် CDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။ ထို့အပြင် CNA နှင့် CDF ရဲဘော်များလည်းတိုက်ပွဲ၌ ကျဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။