Connect with us

Hi, what are you looking for?

News

အာဏာသိမ်းမြန်မာစစ်တပ်ကို တာဝန်ခံမှုရှိစေရေး အရေးယူပိတ်ဆို့မှုများဆက်လက်လုပ် ဆောင်မည်ဟု အမေရိကန်ပြော

အကြမ်းဖက်မှုများ၊ ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို တာဝန်ခံမှုရှိစေရေး နည်းလမ်းရှာဖွေနေပြီး ဒဏ်ခတ်အရေးယူပိတ်ဆို့မှု သို့မဟုတ် နောက်ထပ်လုပ်ဆောင်မည်ခြေလှမ်းများကို ကြိုတင်ကြေညာရန်မရှိကြောင်း Ned Price က ပြောသည်။

(အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီးဌာန ​ပြော​ရေးဆိုခွင့်ရှိသူNed Price ။ ။ဓါတ်ပုံ-File Photo)

ကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ စစ်ခေါင်းဆောင်တက်ရောက်ခွင့်မရှိဘဲ နိုင်ငံရေးနှင့်မသက်ဆိုင်သူကိုယ်စားလှယ်ကို ဖိတ်ကြား

အာဏာသိမ်းစစ်တပ်ကို တာဝန်ခံမှုရှိစေရေး ထပ်မံအရေးယူလုပ်ဆောင်မှုများချမှတ်ရန် နည်းလမ်းရှာဖွေနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က ပြောသည်။

အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ဝါရှင်တန်၌ မေ ၁၂ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲတွင် မြန်မာစစ်ခေါင်းဆောင်တက်ရောက်ခွင့်ရှိမည်မဟုတ်ဘဲ နိုင်ငံရေးနှင့်မသက်ဆိုင်သူကိုယ်စားလှယ်ကိုသာ ဖိတ်ကြားထားသည်ဟု ဆိုသည်။

စစ်ကောင်စီသည် အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို လိုက်နာဆောင်ရွက်ခြင်းမရှိ၍ နိုင်ငံရေးနှင့်မသက်ဆိုင်သူကိုယ်စားလှယ်(non-political representative)ကို ဖိတ်ကြားသော အာဆီယံ၏ထုံးတမ်းကို အမေရိကန်က ထောက်ခံအားပေးပြီး ယခု ထိပ်သီးဆွေးနွေးပွဲကိုလည်း ယင်း အတိုင်းကျင့်သုံးသည်ဟု Ned Price က ရှင်းလင်းသည်။

Public Service Announcement

Public Service Announcement

အိမ်ဖြူတော်၌ အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ဧည့်ခံကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် အာဆီယံခေါင်းဆောင်များက ဝါရှင်တန်သို့ ရောက်ရှိနေကြပြီဖြစ်သည်။

“မြန်မာပြည်သူတွေကို ပေးထားတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေကို ထပ်လောင်းအတည်ပြုပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး တရားမျှတမှုရှိဖို့နဲ့ အဓိပ္ပာယ် ရှိတဲ့ အကျပ်အတည်းဖြေရှင်းဖို့ ကျွန်တော်တို့ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမှာပါ” ဟု အမေရိကန်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အကြမ်းဖက်မှုများ၊ ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို တာဝန်ခံမှုရှိစေရေး နည်းလမ်းရှာဖွေနေပြီး ဒဏ်ခတ်အရေးယူပိတ်ဆို့မှု သို့မဟုတ် နောက်ထပ်လုပ်ဆောင်မည်ခြေလှမ်းများကို ကြိုတင်ကြေညာရန်မရှိကြောင်း Ned Price က ပြောသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အမြန်ဆုံးနှင့် ပြည့်ပြည့်၀၀ အကောင်အထည်ဖော်ရန် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ထောက်ခံကြောင်းနှင့် ဒီမိုကရေစီမြှင့်တင်ရေးလှုပ်ရှားမှုအဖွဲ့ ကိုယ်စားလှယ်များအပါအဝင် ဘက်အားလုံးနှင့်တွေ့ဆုံဆွေး နွေးရေး၊ အာဆီယံအထူးကိုယ်စားလှယ်၏ အဓိပ္ပာယ်ရှိသော မြန်မာနိုင်ငံခရီးစဉ်အမြန်ဆုံဖြစ်ပေါ် ရေးတို့ကို အားပေးကြောင်း ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။