Connect with us

Hi, what are you looking for?

ဗီဒီယို

ပြည်တွင်းမှာ ကိုဗစ် ကူးစက်မှုတွေ ကြုံနေကြောင်း မြောက်ကိုရီးယား ပထမဆုံးအကြိမ် ထုတ်ပြန်

မေလ ၁၂ ရက်မှာတော့ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက ပြည်တွင်းမှာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ Omicronမျိုးကွဲ ပျံ့နှံ့ ကူးစက်နေကြောင်း တရားဝင် ထုတ်ပြန်လာပါတယ်။ Omicronရဲ့ ထပ်ဆင့်မျိုးကွဲ BA.2 ကူးစက်မှုတွေကို ပြုံယမ်းမြို့တော်နားမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေကြောင်း မြောက်ကိုရီးယား အစိုးရက ပထမဆုံးအကြိမ် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒါဟာ ကပ်ရောဂါ စတင်လာတာ ၂ နှစ်ခွဲနီးပါး ကြာမြင့်လာပြီးမှ မြောက်ကိုရီးယားရဲ့ ပြည်တွင်း ကူးစက်မှုတွေ ရှိနေကြောင်း ထုတ်ပြန်တဲ့ ပထမဆုံး အတည်ပြုချက် ဖြစ်ပါတယ်။ အရင်က မြောက်ကိုရီးယားမှာ ကိုဗစ် ကူးစက်မှုတွေ ရှိနေနိုင်တယ်လို့ နိုင်ငံတကာ ပညာရှင်တွေက ခန့်မှန်းခဲ့ပေမယ့် အစိုးရကတော့ ဘယ်တုန်းကမှ ဝန်မခံခဲ့ပါဘူး။ နိုင်ငံတကာနဲ့ အဆက်ပြတ်နေတဲ့ အထီးကျန် ကွန်မြူနစ် နိုင်ငံထဲမှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို ပြင်ပကမ္ဘာကနေ ဖော်ထုတ်နိုင်ဖို့လည်း ခက်ခဲပါတယ်။

မေလ ၁၂ ရက်မှာတော့ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက ပြည်တွင်းမှာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ Omicronမျိုးကွဲ ပျံ့နှံ့ ကူးစက်နေကြောင်း တရားဝင် ထုတ်ပြန်လာပါတယ်။ Omicronရဲ့ ထပ်ဆင့်မျိုးကွဲ BA.2 ကူးစက်မှုတွေကို ပြုံယမ်းမြို့တော်နားမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလကစလို့ ကပ်ရောဂါနဲ့ ပတ်သက်ပြီး ၂ နှစ်၊ ၃ လကြာအောင် လုံလုံခြုံခြုံ၊ ဘေးအန္တရာယ်ကင်းကင်း ရှိနေတဲ့ ကျန်းမာရေး လုံခြုံမှု စည်းပေါက်သွားတာ ဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ပြုံယမ်းမှာ ရောဂါ ကူးစက်ခံရသူ ဘယ်လောက် ရှိပြီလဲ၊ အသေအပျောက်တွေရော တွေ့နေရပြီလားဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းက အာဏာရ အလုပ်သမားပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ကပ်ရောဂါ တိုက်ဖျက်ရေးကိစ္စ ဆွေးနွေးခဲ့တဲ့နောက် အခု တရားဝင် ထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။

ကင်မ်က မြောက်ကိုရီးယား ကပ်ရောဂါဆိုးကို အောင်အောင်မြင်မြင် ကျော်လွှားဖို့ သံန္နိဋ္ဌာန် ချထားကြောင်းနဲ့ နိုင်ငံရဲ့ Quarantine ကန့်သတ် စနစ်တွေကို အမြင့်ဆုံး၊ အတင်းကျပ်ဆုံး သတ်မှတ် ကျင့်သုံးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေဟာ အရင်ကတည်းက ယိုင်နဲ့ အားနည်းနေတာကြောင့် အခုလို ကူးစက်နှုန်း အရမ်းမြန်တဲ့ Omicron မျိုးကွဲ ဗိုင်းရပ်စ်ကို ကိုင်တွယ် ထိန်းချုပ်ဖို့ ခက်ခဲနိုင်တယ်လို့ နိုင်ငံတကာ လေ့လာသူတွေက ထောက်ပြထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။