Connect with us

Hi, what are you looking for?

News

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချိန်အတော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

(ယင်းမာပင်အခြေစိုက် အမိမြေတော်လှန်ရေးတပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုများရှိကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(မေလ ၁၂ ရက်) နေ့လယ်ပိုင်းက ယင်းမာပင်မြို့နယ်၊ သီးကုန်းကျေးရွာအနီးတွင် အင်အား ၁၀၀ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းအား အမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့် အခြားဒေသတွင်းအဖွဲ့များပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ယင်းမာပင်အခြေစိုက် အမိမြေတော်လှန်ရေးတပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။)

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချိန်အတော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

ယနေ့(မေလ ၁၃ ရက်)နံနက် ၇နာရီခန့်က ကျောက်ပြုတ်ကျေးရွာအနီးတွင် အဆိုပါ စစ်ကြောင်းနှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ တစ်နာရီနီးပါးကြာမြင့်ခဲ့ကြောင်း၊ တိုက်ပွဲနှစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ အမိမြေတော်လှန်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

(ယင်းမာပင်အခြေစိုက် အမိမြေတော်လှန်ရေးတပ်ဖွဲ့ဝင်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။)

စစ်ကောင်စီတပ်သည် မေလ ၁၂ ရက်က ယင်းမာပင်မြို့နယ်၊ နဘူးတောကျေးရွာကို ဝင်ရောက်ကာ နေအိမ် ခြောက်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသမီးတစ်ဦးကိုလည်း သတ်ဖြတ်သွားခဲ့သည်။

အမိမြေတော်လှန်ရေးတပ်ဖွဲ့သည် မေလ ၁၁ရက်ကလည်း မုံရွာ-ညောင်ပင်ကြီးမှတစ်ဆင့် ယင်းမာပင်ဘက်သို့ တက်လာသော စစ်ကားများကို Young People Force အဖွဲ့နှင့်ပူးပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook