Connect with us

Hi, what are you looking for?

News

လူသားချင်းစာနာမှုလုပ်ငန်းများ အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို NUCCကန့်ကွက်

အာဆီယံသည် တိုင်ပင်ဆွေးနွေးသင့်သည့် အဖွဲ့အစည်းများကို တန်းတူနေရာထား၍ ဆက် သွယ်ဆောင်ရွက်ခြင်းမပြုဘဲ ချန်လှပ်ထားခြင်းအားဖြင့် ထောက်ပံ့ကူညီများမှာ အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိနိုင်မည်မဟုတ်ကြောင်းလည်း NUCC က ဆိုသည်။

▪️လိုအပ်နေသူများကို ကူညီနိုင်ရေး သက်ဆိုင်ရာလူထုကိုယ်စားပြုအဖွဲ့အစည်းများမှ တိုက်ရိုက်ထောက်ပံ့သင့်ဟုတိုက်တွန်း

နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် အာဆီယံနှင့် The AHA Centre တို့၏ လူသားချင်းစာနာမှု အကူ အညီလုပ်ငန်းကို အကြမ်းဖက်စစ်အုပ်စုနှင့်ပူးပေါင်းဆောင်ရွက်ခြင်းကို ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့သတင်းထုတ်ပြန်သည်။

စစ်အုပ်စုသည် ဒေသအသီးသီးရှိပြည်သူလူထုဘ၀များ ယခုကဲ့သို့ အတိဒုက္ခရောက်စေရန် နည်းမျိုးစုံဖြင့် ဖျက်ဆီးနေပြီး လူသားချင်းစာနာမှုအကူအညီ အမှန်တကယ်လိုအပ်နေသူများထံ ကူညီ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ လူထုကိုယ်စားပြု အဖွဲ့အစည်းများမှ တိုက်ရိုက်ထောက်ပံ့ကူညီပေးခြင်းကိုသာ ဆောင်ရွက်သင့်ကြောင်း NUCCက တိုက်တွန်းသည်။

အာဆီယံသည် တိုင်ပင်ဆွေးနွေးသင့်သည့် အဖွဲ့အစည်းများကို တန်းတူနေရာထား၍ ဆက် သွယ်ဆောင်ရွက်ခြင်းမပြုဘဲ ချန်လှပ်ထားခြင်းအားဖြင့် ထောက်ပံ့ကူညီများမှာ အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိနိုင်မည်မဟုတ်ကြောင်းလည်း NUCC က ဆိုသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေပြီး မြန်မာပြည်သူများက အစဉ်တစိုက် ဆန့်ကျင် နေသည့် အကြမ်းဖက်စစ်အုပ်စုနှင့်ပူးပေါင်း၍ လူသားချင်းစာနာမှုအကူအညီပေးအပ်ခြင်းသည် နိုင်ငံတကာအသိုင်းအဝန်းနှင့် မြန်မာပြည်သူများကို လျစ်လျူရှုအလေးမထားသည့်အပြင် စစ်အုပ် စု၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးသည့်သဘောသက်ရောက်နေကြောင်း ထုတ် ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ပါတယ်။

သတင်း

မင်း​အောင်လှိုင်က အာဆီယံဘုံသ​ဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီးထိုင်းကိုဘာကတိမှ မ​ပေးဟုဆို

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ တွေ့ဆုံပြီး တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား မြေပြင်ပဋိပက္ခများကိစ္စ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ NUCCက သတင်းထုတ်ပြန်ပါတယ်။

Facebook