Connect with us

Hi, what are you looking for?

News

အမျိုးသားရေးရည်မှန်းချက်များ အမြန်ဆုံး အကောင် အထည်ဖော်ဆောင်ရွက်နိုင်ပါစေကြောင်း CRPH သဝဏ်လွှာပို့

ရခိုင်တိုင်းရင်းသားများသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် စစ်ဘေးစစ်ဒဏ်ကို ခါးသီးစွာ ခံစားခဲ့ကြရပြီး ဒေသဖွံ့ဖြိုးမှုတို့ နောက်ကျခဲ့ရကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ ညီမျှမှုနှင့် လွတ်လပ်မှုတို့အတွက် တစ်မျိုးသားလုံးက စည်းလုံးစွာ ဖိနှိပ်မှုအမျိုးမျိုးကို ရဲရဲဝံ့ဝံ့ တွန်းလှန်ခဲ့ကြကြောင်း CRPH၏ သဝဏ်လွှာ၌ ဖော်ပြသည်။

ရခိုင်တမျိုးသားလုံး မျှော်လင့်ကြိုးပမ်းနေသည့် အမျိုးသားရေးရည်မှန်းချက်များ အမြန်ဆုံး အကောင် အထည်ဖော်ဆောင်ရွက်နိုင်ပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဆုမွန်ကောင်းတောင်းသည်။

ယနေ့ ကျရောက်သော ရခိုင်အမျိုးသားနေ့အတွက် သဝဏ်လွှာတွင် CRPH က ယင်းသို့ ထည့်သွင်းဆုမွန်ကောင်းတောင်းခြင်းဖြစ်ပြီး အတိတ်က အတွေ့အကြုံများကို သင်ခန်းစာယူကာ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုကို ညီနောင်တိုင်းရင်းသားများနှင့်အတူ အတူလက်တွဲကြိုးပမ်းသွားမည်ဟု ဖော်ပြသည်။

လက်ရှိအချိန်သည် ရခိုင်တိုင်းရင်းသားများအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသား များအားလုံး တွေ့ကြုံခံစားနေကြရသည့် ပြဿနာအရပ်ရပ်ကို တူညီသောစိတ်ခွန်အား၊ ယုံကြည်ချက်နှင့် ဇွဲလုံ့လတို့ဖြင့် လက်တွဲညီညီ ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်သွားရန် အချိန်အခါကောင်းဖြစ်ကြောင်း CRPHက ဆိုသည်။

ရခိုင်တိုင်းရင်းသားများသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် စစ်ဘေးစစ်ဒဏ်ကို ခါးသီးစွာ ခံစားခဲ့ကြရပြီး ဒေသဖွံ့ဖြိုးမှုတို့ နောက်ကျခဲ့ရကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ ညီမျှမှုနှင့် လွတ်လပ်မှုတို့အတွက် တစ်မျိုးသားလုံးက စည်းလုံးစွာ ဖိနှိပ်မှုအမျိုးမျိုးကို ရဲရဲဝံ့ဝံ့ တွန်းလှန်ခဲ့ကြကြောင်း CRPH၏ သဝဏ်လွှာ၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် တိုင်းရင်းသားများနှင့် စည်းလုံးညီညွတ်မှု တည်ဆောက်ရမည့်အစား မတရားသည့် ဥပဒေများပြဋ္ဌာန်းကာ ရည်ရွယ်ချက် ရှိရှိဖြင့် ကြောက်ရွံ့စေရန် ဖန်တီးပုံဖော်ခဲ့ကြခြင်းမှာ ဒီမိုကရေစီ၏အနှစ်သာရများကို ဆန့်ကျင်လျက်ရှိသည်ကို ရှင်းလင်းစွာ တွေ့မြင်ရကြောင်းလည်း CRPHက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ CRPHက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဧပြီ ၁၀ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး နောင်နှစ်ပေါင်းများစွာ တိုင် အာရက္ခပြည်သူတို့ ယုံကြည်အားကိုးရသော တပ်မတော်ကြီးအဖြစ် ခိုင်မာစွာရပ်တည် နိုင်ပါ စေကြောင်း ဖော်ပြထားပါတယ်။

သတင်း

စစ်အုပ်စုဖွဲ့မယ့် ဘယ်အဖွဲ့အစည်းမဆို အသိအမှတ်မပြုကြောင်းကြေညာဖို့ ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်

သတင်း

အာဏာရှင်တော်လှန်ရေးမှာ ပေးဆပ်ခဲ့ရသူတွေ ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့သူတွေကို ဦးညွှတ်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပြည်ထေင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့က ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ကျဆုံးခြင်း နှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့ ဖော်ပြပါတယ်။