Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်မည့် ALPလုပ်ရပ် ရခိုင်မျိုးနွယ်စုလူငယ်အဖွဲ့များ ကန့်ကွက်ရှုံ့ချ

ALPသည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့မှ ဖိတ်ကြားသောအစည်းအဝေးသို့ တက်ရောက်ရန် ပြင်ဆင်နေသည်ကို ကြားသိနေရကြောင်း၊ တော်လှန်ရေးအမည်ခံ ALPအဖွဲ့အစည်းသညမရရ် အာရက္ခ ပြည်နှင့် အာရက္ခလူမျိုးများကို ကိုယ်စားပြုသောအဖွဲ့အစည်းမဟုတ်သည့် အပြင် ALP ၏ ယခုလုပ်ရပ်များကိုလည်း များစွာစိတ်ပျက်မိသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်ခြင်းသို့ ရခိုင်လွတ်မြောက်ရေးပါတီ(ALP) တက်ရောက်မည့်အပေါ် ကန့်ကွက်ရှုံ့ချကြောင်း ရခိုင်မျိုးနွယ်စုလူငယ်အဖွဲ့အစည်းများက ယမန်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၊ သက်လူငယ် ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ကမန်ကျောင်းသားလူငယ်အဖွဲ့၊ မြိုတက္ကသိုလ်ကျောင်းသား/သူများ အသင်း၊ မဟာရက္ခိတအဖွဲ့နှင့် အာရက္ခပြည်ရှိ လူငယ်အဖွဲ့အစည်း ၂၄ဖွဲ့တို့မှ ပူးတွဲသဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ALPသည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့မှ ဖိတ်ကြားသောအစည်းအဝေးသို့ တက်ရောက်ရန် ပြင်ဆင်နေသည်ကို ကြားသိနေရကြောင်း၊ တော်လှန်ရေးအမည်ခံ ALPအဖွဲ့အစည်းသညမရရ် အာရက္ခ ပြည်နှင့် အာရက္ခလူမျိုးများကို ကိုယ်စားပြုသောအဖွဲ့အစည်းမဟုတ်သည့် အပြင် ALP ၏ ယခုလုပ်ရပ်များကိုလည်း များစွာစိတ်ပျက်မိသည်ဟု ဖော်ပြထားသည်။

အခြားတစ်ဖက်တွင် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ထားသော စစ်ကောင်စီကို အားပေးကူညီရာ ရောက်သည့်အပြင် ဒီမိုကရေစီရေးကြိုးပမ်းအားထုတ်နေသူများကို ပမာမခန့် စော်ကားရာ ရောက်နေကြောင်း၊ အာရက္ခပြည်တော်လှန်ရေးအတွက် ဖြစ်ပေါ်တိုးတက်မှု အကျိုးရလဒ်မရှိဘဲ အာဏာရှင်အစိုးရအတွက် အသုံးချခံအဖွဲ့အစည်း ဖြစ်နေသည်မှာ အာရက္ခပြည်လူမျိုးများအတွက်ဂုဏ်သိက္ခာကျစရာ ဖြစ်စေသည်ကို သတိမူသင့်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ALPနှင့် ငြိမ်းချမ်းရေး ဆွေးနွေးသော်လည်း အမှန်တကယ် အာရက္ခပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုအတွက် အာမခံချက်ပေးနိုင်မည်မဟုတ်ကြောင်းနှင့် အာရက္ခပြည်၏ အချုပ်အခြာအာဏာကို အာရက္ခပြည်သူလူထုထံသို့ မရရှိသေးသရွေ့အာရက္ခပြည် ငြိမ်းချမ်းစည်ပင်သာယာသောဒေသတစ်ခု ဖြစ်လာလိမ့်မည်မဟုတ်ကြောင်း လက်ခံထားသည်ဟု ဆိုသည်။

အာရက္ခပြည်၏ အခြေအနေနှင့် အခက်အခဲအမျိုးမျိုးကြောင့် အာရက္ခပြည်သူများသည် နွေဦးတော်လှန်ရေး နှင့် CDM လှုပ်ရှားမှု အာဏာသိမ်းဆန့်ကျင်မှု ၊ စစ်အာဏာရှင်အောက်မှ လွတ်မြောက်ရေးကြိုးပမ်းမှု ကဏ္ဍများတွင် တက်တက်ကြွကြွ တိုက်ရိုက် မပါဝင်သော်လည်း မြန်မာပြည်သူလူထု တစ်ရပ်လုံး၏ ဒီမိုကရေစီ လိုလားမှုကြောင့် နိုင်ငံရေးမျှော်မှန်းချက်များကို လေးစား တန်ဖိုးထားကြောင့် ၊ ထို့ပြင် အာရက္ခပြည်လူမျိုးများအတွက် ရှိနှင့်ပြီးဖြစ်သော ရက္ခိတ လမ်းစဉ်အတိုင်း လျှောက်လှမ်းနေပြီး မှန်ကန်သော ဘက်မှ ရပ်တည်သကဲ့သို့ နည်းမှန် လမ်းမှန် ဖြင့် မတိမ်းမစောင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

သတင်း

အကျိုးဆောင်လိုင်စင်မရှိဘဲပြည်ပမှာအလုပ်လုပ်ကိုင်ဖို့အတွက် ပို့ဆောင်ပေးနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က အမျိုးသမီးနှစ်ဦးကိုပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ၂၆နဲ့အမှုဖွင့် အရေးယူ ထားတယ်လို့ အာရက္ခတပ်တော်(AA)လက်အောက်ခံရဲတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်