Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ ပေါ်တာဆွဲခံရပြီးနောက် တိုက်ပွဲအတွင်းသေဆုံးခဲ့ရသည့် စိုင်းစံလှနှင့် ရှမ်းလူငယ်အတွက် ဝမ်းနည်းကြေကွဲရကြောင်း မူဆယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

စစ်ကောင်စီတပ်ဖွဲ့က လူ့အခွင့်အရေးချိုးဖောက်ကာ အဓမ္မပေါ်တာဆွဲမှုကြောင့် အတွင်းရေးမှူးအဖွဲ့ဝင်(CUSS)၊ ဦးဆောင်ကော်မတီဝင်(TYN) ကျောက်မဲမြို့နေ စိုင်းစံလှ နှင့် ရှမ်းလူငယ်တစ်ဦး တို့ အသက်ဆုံးပါးခဲ့ရသည့်အပေါ် မိမိတို့တပ်ဖွဲ့အနေဖြင့် ကျန်ရစ်သူမိသားစု နှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါ‌သည်ဟု PSDA က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပေါ်တာဆွဲခေါ်ဆောင်ခံရပြီးနောက် တိုက်ပွဲအတွင်း သေဆုံးခဲ့ရသည့် CUSS အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းစံလှနှင့် ရှမ်းလူငယ်တစ်ဦးအတွက် ဝမ်းနည်းကြေကွဲရကြောင်း မူဆယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PSDA)က ယနေ့ ထုတ်ပြန်သည်။

မူဆယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PSDA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မော့တောင်းရွာတွင် မေလ ၄ရက်က အကြမ်းဖက်စစ်ကောင်စီနှင့်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ ခမရ (၂၄၁)မှ တပ်ဖွဲ့ဝင် ၁၆ဦးအပြင် စစ်ကောင်စီက ပေါ်တာဆွဲခေါ်လာသည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CUSS) အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းစံလှနှင့် ရှမ်းလူငယ်တစ်ဦးလည်း သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့က လူ့အခွင့်အရေးချိုးဖောက်ကာ အဓမ္မပေါ်တာဆွဲမှုကြောင့် အတွင်းရေးမှူးအဖွဲ့ဝင်(CUSS)၊ ဦးဆောင်ကော်မတီဝင်(TYN) ကျောက်မဲမြို့နေ စိုင်းစံလှ နှင့် ရှမ်းလူငယ်တစ်ဦး တို့ အသက်ဆုံးပါးခဲ့ရသည့်အပေါ် မိမိတို့တပ်ဖွဲ့အနေဖြင့် ကျန်ရစ်သူမိသားစု နှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါ‌သည်ဟု PSDA က ထုတ်ပြန်သည်။

မေလ ၄ရက် ညနေက စိုင်းစံလှနှင့်အခြားအမျိုးသားတစ်ဦးစီးလာသည့်ကားကို မော့တောင်းရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီက ပေါ်တာဆွဲသွားပြီးနောက် မကြာမီ တိုက်ပွဲဖြစ်ခဲ့​​ခြင်းဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စိုင်းစံလှသည် ရှမ်းလူငယ်ကွန်ရက်(Tai Youth Network -TYN)၏ ဦးဆောင်ကော်မတီဝင်လည်းဖြစ်သည်။ စိုင်းစံလှသေဆုံးခြင်းသည် TYNအတွက် ကြီးမားသည့်ဆုံးရှုံးမှုဟုရှမ်းတိုင်းရင်းသားလူငယ်အချို့က ပြောသည်။

စိုင်းစံလှ ကွယ်လွန်ခဲ့သည့် ဖြစ်ရပ်အတွက် မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်ရဲဘော်များအားလုံးနှင့်ထပ်တူ ဝမ်းနည်းကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီက သဝဏ်လွှာပေးပို့ခဲ့သည်။

တိုက်ပွဲနယ်မြေတွင် အရပ်သားအားပေါ်တာဆွဲခဲ့သည့်လုပ်ရပ်အတွက် တိုင်းရင်းသားအရေးလှုပ်ရှားသူများက စစ်ကောင်စီကို ပြစ်တင်ဝေဖန်ကြသည်။ ၎င်းတို့ကြောင့် လူငယ်နှစ်ဦး သေဆုံးခဲ့သည့်အပေါ် စစ်ကောင်စီက ရေငုံနှုတ်ပိတ် နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook