Connect with us

Hi, what are you looking for?

News

တနင်္သာရီမြို့နယ် သိန္ဓောရွာတိုက်ပွဲ စစ်ကောင်စီတပ်ငါးဦးသေ

ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှအထိနာ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

(တနင်္သာရီမြို့ သိန္ဓောကျေးရွာရှိ မြစ်ဆိပ်တစ်နေရာကို တွေ့ရစဥ်၊ ဓာတ်ပုံ - Tanintharyi Defense Force)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကြောင်း တနင်္သာရီကာကွယ်ရေးတပ်ဖွဲ့(Tanintharyi Defense Force)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအုပ်စု ဘန်းပြည့်ကျေးရွာတွင် မေလ၁၈ ရက် နံနက်ပိုင်းက တစ်ကြိမ်နှင့် တကူကျေးရွာ ကိုးမိုင်တောင်ခဲလမ်းပြင်အနီး နေ့လယ် ၁နာရီခန့်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဘန်းပြည့်ရွာကို မေလ ၁၈ ရက် နံနက် ၅နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က စက်လှေဖြင့် စစ် ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“အဲဒီတပ်ရင်းတွေ(စစ်ကောင်စီတပ်)က သိန္ဓော ဘန်းပြည့်ဖက်မှာ လှုပ်ရှားထွက်နေတဲ့အဖွဲ့တွေ၊အဲဖက်မှာလည်း (ပကဖ)တွေ၊PDF တွေရဲ့ ရှေ့တန်းနယ်မြေဖြစ်နေတော့ မကြာခဏ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေပါ။ ပြီးခဲ့တဲ့လတုန်းကလည်း စကစ (စစ်ကောင်စီတပ်)က သိန္ဓောရွာမှာ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာကနေထွက်ပြေးတိမ်းရှောင်နေတဲ့အိမ်တွေမှာ ပစ္စည်းခိုးယူဖျက်ဆီးတာတွေ လုပ်ခဲ့ပါသေးတယ်”ဟု တနင်္သာရီ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ငါးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များထံမှ သိရသည်။

ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှအထိနာ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

ယင်းတိုက်ပွဲကို နဂါးနက်အဖွဲ့၊ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအင်အားစုအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ မေလ ၁၈ရက် နေ့လယ် ၁နာရီခန့်က တကူကျေးရွာ ကိုးမိုင်တောင်ခဲလမ်းပြင်အနီးတွင် (ပကဖ)ဘက်မလိုက်ပြောက်ကျားအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း တနင်္သာရီကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook