Connect with us

Hi, what are you looking for?

News

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက အင်အားတိုးနေသည့်အပေါ် AA က သတိပေးထားပြီး ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်ဖြစ်လာပါက အဆိုးမဆိုရန် စစ်ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူဗိုလ်ချုပ်​ဇော်မင်းထွန်းကသတင်းစာရှင်းလင်းပွဲတွင်ခြိမ်းခြောက်ထားသည်။

ရခိုင်ပြည်နယ် အမ်းမြို့တွင် ယနေ့ည ဆယ်နာရီခန့်၌ လက်နက်ကြီးပစ်ခတ်သံများနှင့် သေနတ်ပစ်ခတ်သံများ ကြားနေရပြီး ရခိုင်တပ်မတော် AAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည်။

အမ်းမြို့၊ အောက်ရွာနှင့်မြို့ဟောင်းကြားတွင် ယနေ့(မေ ၂၂ရက်) ည ၁၀ နာရီခန့်မှစ၍ ပစ်ခတ်သံများထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် စစ်ကောင်စီတပ်ရင်း ၃၇၃ ဘက်မှလည်း သေနတ်ပစ်ခတ်သံများကြားနေရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

” အောက်ရွာနဲ့ မြို့ဟောင်းကြားဘက်မှာ AA နဲ့ စစ်ကောင်စီ ပစ်နေကြတာ။လက်နက်ကြီးသံလည်း ကြားတယ်။ ၃၇၃ ဖက်ကနေ စက်သေနတ်သံတွေလည်း ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက အင်အားတိုးနေသည့်အပေါ် AA က သတိပေးထားပြီး ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်ဖြစ်လာပါက အဆိုးမဆိုရန် စစ်ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူဗိုလ်ချုပ်​ဇော်မင်းထွန်းကသတင်းစာရှင်းလင်းပွဲတွင်ခြိမ်းခြောက်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် လူမျိုးတုံးသတ်ဖြတ်မှု ထပ်မံကျူးလွန်ရန် ခြိမ်း​ခြောက်ပြောဆိုခြင်းဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက လည်းတုံ့ပြန်ထားသည်။

“ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်တွေကို ခြုံပြီးတော့ သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်တယ်ဗျ။ ဘာကြောင့်လဲဆိုလို့ရှိရင် တစ်ခုခု ဖြစ်လာလို့ရှိရင် မြန်မာစစ်တပ်ကို အဆိုးမဆိုနဲ့ဆိုတဲ့ စကားကို ကျွန်တော်တို့တွေ့တယ်။ ဒီဟာက ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်သလို တစ်ခုခုဖြစ်လာလို့ရှိရင် ပြည်သူတွေကို လူမျိုးတုန်း သတ်ဖြတ်ပစ်မယ်ဆိုတဲ့ သူတို့ မြန်မာစစ်တပ်ရဲ့ အစီအစဉ်ကို တိုက်ရိုက်ရည်ညွှန်းပြီးတော့ ဖော်ပြနေတာဖြစ်တယ်လို့ ကျွန်တော်ကတော့ အဲဒီလို သုံးသပ်တယ်”ဟု ဦးခိုင်သုခက People’s Springသို့​ ပြောသည်။

ထို့ပြင် စစ်ပွဲများ ဖြစ်လာနိုင်၍ လူထုအနေဖြင့် သတိပြုနေထိုင်ကြရန် AAက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

Facebook