Connect with us

Hi, what are you looking for?

News

အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ရေးမြို့နယ်မဟာမိတ်တပ်ဦးမှ တပ်စိပ် (၁၀)ခုဖြင့် တိုက်ခိုက်နေ

လက်ရှိတွင် ရေးမြို့နယ် မဟာမိတ်တပ် ဦးမှ တပ်စိပ် (၁၀) ခုဖြင့် မိုးထဲလေထဲ၌ စစ်ကောင်စီတပ်ကို ဆက်လက်ပိတ်ဆို့တိုက်ပွဲဝင်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(ရေးမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ယာဥ်အသွား၊အလာကို စစ်ဆေးနေစဥ်၊ ဓာတ်ပုံ အဟောင်းကို အသုံးပြုထားပါသည်)

အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ရေးမြို့နယ်မဟာမိတ်တပ် ဦးမှ တပ်စိပ် (၁၀)ခုဖြင့် တိုက်ခိုက် တိုက်ပွဲဝင်နေကြောင်း မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRU)က ထုတ်ပြန်သည်။

“KNU ရဲ့ နယ်မြေခံ စစ်ကြောင်းတစ်ခု ပါလာတယ်လို့ သိရတယ်။အခု နောက်ဆုံးသိရတာ စစ်ကောင်စီဘက်က ၁၀ ယောက်လောက် သေတယ်”ဟု MSRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

ယနေ့(မေ ၂၃ ရက်)တွင် အင်အား ၆၀ကျော်ပါ စစ်ကောင်စီတပ်ကို အာယုတောင်ကျေးရွာအုပ်စု ရွာကလေးကျေးရွာအနီးတွင် ရေးမြို့နယ်မဟာမိတ်တပ်ဦးမှ တပ်စိပ်(၈)နှင့် တပ်စိပ်(၁၀)မှ ကနဦးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုဖြစ်စဥ်တွင်စစ်ကောင်စီတပ်၏လမ်းကြောင်းများကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ ကင်းပုန်းမှ လည်းပြန်လည်ပစ်ခတ်ခဲ့ရာ ၁နာရီကြာထိတွေ့ခဲ့ကာ နှစ်ဖက်ကျဆုံးမှုမရှိ ​ကြောင်းအသိပေးသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ရေးမြို့နယ် မဟာမိတ်တပ် ဦးမှ တပ်စိပ် (၁၀) ခုဖြင့် မိုးထဲလေထဲ၌ စစ်ကောင်စီတပ်ကို ဆက်လက်ပိတ်ဆို့တိုက်ပွဲဝင်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။