Connect with us

Hi, what are you looking for?

သတင်း

ဗြိတိန် အာရှရေးရာ နိုင်ငံခြားရေးဝန်ကြီးနှင့် NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ လန်ဒန် နိုင်ငံခြားရေးရုံး၌ တွေ့ဆုံ

ဗြိတိန်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံအားပေးပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တောင်းဆိုသူအားလုံးနှင့်လည်း တသားတည်းရပ်တည်ကြောင်း အထက်ဗြိတိန်ဝန်ကြီးက ဆိုသည်။

Photo - Amanda Milling/Twitter

▪️NUGကို အားပေးထောက်ခံကြောင်း ဗြိတိန်ဝန်ကြီးပြော

▪️NUG၏ နိုင်ငံတကာဆက်ဆံရေး တဆင့်ပြီးတဆင့်တက်လာဟုဆို

ဗြိတိန်နိုင်ငံခြားရေး၊ အာရှနှင့် အရှေ့အလယ်ပိုင်းဝန်ကြီး အမန်ဒါမီလ်လင်းသည် NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် လန်ဒန်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ ယမန်နေ့တွင် လက်ခံတွေ့ဆုံ သည်။

“ဒေါက်တာဇော်ဝေစိုးကို ပထမဆုံးအကြိမ်တွေ့ဆုံခွင့်ရလို့ ဝမ်းသာပါတယ်။ ကျွန်မရဲ့ သတင်းစကားက ရှင်းပါတယ်။ ကျွန်မတို့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်နေတယ်ဆိုတာပါပဲ”ဟု ဗြိတိန်ဝန်ကြီး အမန်ဒါမီလ်လင်းက ၎င်း၏ တွစ်တာမှ အသိပေးသည်။

Public Service Announcement

Public Service Announcement

ဗြိတိန်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံအားပေးပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တောင်းဆိုသူအားလုံးနှင့်လည်း တသားတည်းရပ်တည်ကြောင်း အထက်ဗြိတိန်ဝန်ကြီးက ဆိုသည်။

မေလ ဒုတိယပတ်တွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ အမေရိကန်၊ ဝါရှင်တန်ခရီးစဥ်အပြီး ဒေါက်တာဇော်ဝေစိုးက ဗြိတိန်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

ယင်းသို့ NUG ၏ သံတမန်ဆက်ဆံရေးနှင့် ပတ်သက်၍ တဆင့်ပြီး တဆင့်တိုးမြှင့်ဖွင့်လှစ်နေပြီဖြစ်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

“နိုင်ငံတကာ သံတမန်စာမျက်နှာတွေကို ထိုးဖောက်တဲ့ရည်ရွယ်ချက်ကတော့ ရက်စက်ယုတ်မာလှတဲ့ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးဖယ်ရှားပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်နိုင်ရေးနဲ့ နွေဦးတော်လှန်ရေးကာလမှာ နည်းမျိုးစုံနဲ့ ပါဝင်နေကြတဲ့ သူရဲကောင်းတွေရဲ့ လှုပ်ရှားမှုတိုက်ပွဲတွေကို အားပေး ထောက်ပံ့နိုင်ဖို့အတွက် ဖြစ်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

သို့သော် နိုင်ငံတကာသံတမန်ရေးသည် အားဖြည့်ဆေးသာဖြစ်ပြီး ကိုယ်တိုင် ကိုယ်ခံအားကောင်းရန်မှာ ပြည်သူလူထု လက်ရှိဆင်နွှဲနေသော တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်ရန်လိုအပ်ကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းသည်။

“ပြည်သူတွေရဲ့လှုပ်ရှားမှုကို ကျွန်တော်တို့ ယုံကြည်တယ် ၊ ပြည်သူတွေရဲ့ လှုပ်ရှားမှုကို ပံ့ပိုးနိုင်ဖို့အတွက် အဓိက ဆက်လက် ကြိုးပမ်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဟိုသီတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကနေ ဆော်ဒီကို ကာကွယ်ပေးဖို့ တိုက်လေယာဉ်တွေ ဖြန့်ကျက်သွားမယ်လို့ ဗြိတိန် အစိုးရက အတည်ပြုခဲ့ပါတယ်။