Connect with us

Hi, what are you looking for?

သတင်း

ဗြိတိန် အာရှရေးရာ နိုင်ငံခြားရေးဝန်ကြီးနှင့် NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ လန်ဒန် နိုင်ငံခြားရေးရုံး၌ တွေ့ဆုံ

ဗြိတိန်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံအားပေးပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တောင်းဆိုသူအားလုံးနှင့်လည်း တသားတည်းရပ်တည်ကြောင်း အထက်ဗြိတိန်ဝန်ကြီးက ဆိုသည်။

Photo - Amanda Milling/Twitter

▪️NUGကို အားပေးထောက်ခံကြောင်း ဗြိတိန်ဝန်ကြီးပြော

▪️NUG၏ နိုင်ငံတကာဆက်ဆံရေး တဆင့်ပြီးတဆင့်တက်လာဟုဆို

ဗြိတိန်နိုင်ငံခြားရေး၊ အာရှနှင့် အရှေ့အလယ်ပိုင်းဝန်ကြီး အမန်ဒါမီလ်လင်းသည် NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် လန်ဒန်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ ယမန်နေ့တွင် လက်ခံတွေ့ဆုံ သည်။

“ဒေါက်တာဇော်ဝေစိုးကို ပထမဆုံးအကြိမ်တွေ့ဆုံခွင့်ရလို့ ဝမ်းသာပါတယ်။ ကျွန်မရဲ့ သတင်းစကားက ရှင်းပါတယ်။ ကျွန်မတို့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်နေတယ်ဆိုတာပါပဲ”ဟု ဗြိတိန်ဝန်ကြီး အမန်ဒါမီလ်လင်းက ၎င်း၏ တွစ်တာမှ အသိပေးသည်။

Public Service Announcement

Public Service Announcement

ဗြိတိန်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံအားပေးပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တောင်းဆိုသူအားလုံးနှင့်လည်း တသားတည်းရပ်တည်ကြောင်း အထက်ဗြိတိန်ဝန်ကြီးက ဆိုသည်။

မေလ ဒုတိယပတ်တွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ အမေရိကန်၊ ဝါရှင်တန်ခရီးစဥ်အပြီး ဒေါက်တာဇော်ဝေစိုးက ဗြိတိန်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

ယင်းသို့ NUG ၏ သံတမန်ဆက်ဆံရေးနှင့် ပတ်သက်၍ တဆင့်ပြီး တဆင့်တိုးမြှင့်ဖွင့်လှစ်နေပြီဖြစ်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

“နိုင်ငံတကာ သံတမန်စာမျက်နှာတွေကို ထိုးဖောက်တဲ့ရည်ရွယ်ချက်ကတော့ ရက်စက်ယုတ်မာလှတဲ့ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးဖယ်ရှားပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်နိုင်ရေးနဲ့ နွေဦးတော်လှန်ရေးကာလမှာ နည်းမျိုးစုံနဲ့ ပါဝင်နေကြတဲ့ သူရဲကောင်းတွေရဲ့ လှုပ်ရှားမှုတိုက်ပွဲတွေကို အားပေး ထောက်ပံ့နိုင်ဖို့အတွက် ဖြစ်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

သို့သော် နိုင်ငံတကာသံတမန်ရေးသည် အားဖြည့်ဆေးသာဖြစ်ပြီး ကိုယ်တိုင် ကိုယ်ခံအားကောင်းရန်မှာ ပြည်သူလူထု လက်ရှိဆင်နွှဲနေသော တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်ရန်လိုအပ်ကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းသည်။

“ပြည်သူတွေရဲ့လှုပ်ရှားမှုကို ကျွန်တော်တို့ ယုံကြည်တယ် ၊ ပြည်သူတွေရဲ့ လှုပ်ရှားမှုကို ပံ့ပိုးနိုင်ဖို့အတွက် အဓိက ဆက်လက် ကြိုးပမ်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook