Connect with us

Hi, what are you looking for?

သတင်း

အပြောင်းအလဲမြန်သည့် နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အခင်းအကျင်းများတွင် တရားဓမ္မဘက်ရပ်တည်မည်ဟု SNLD ကြေညာ

SNLD၏ နိုင်ငံလုံးဆိုင်ရာညီလာခံကို တောင်ကြီးမြို့၌ ၂ရက်ကြာ ကျင်းပခဲ့ပြီးနောက် ယနေ့ညီလာခံ အပြီးတွင် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့သည်။

(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံ ဖွင့်ပွဲအခမ်းအနားကို မေလ ၂၆ ရက်က ကျင်းပ​နေစဥ်၊ ဓာတ်ပုံ - Sai Kyaw Nuynt/FB)

▪️စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပါတီ၏ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ရပ်တည်

▪️ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကို ရည်ရွယ် ချက်တူသည့် မဟာမိတ်များဖြင့် ပေါင်းစပ်ရေးဆွဲမည်

အပြောင်းအလဲ မြန်ဆန်နေသည့် နိုင်ငံရေး စစ်ရေးဆိုင်ရာ အခင်းအကျင်းများတွင် တရားဓမ္မ ဘက်မှ ရပ်တည်ဆောင်ရွက်သွားရန် သန္နိဌာန်ချမှတ်ခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီက ထုတ်ပြန်ကြေညာသည်။

“နိုင်ငံရေးဖြစ်စဉ်မှာ အခုလက်ရှိအခြေအနေမှာ ဘယ်လိုမှ တည်ငြိမ်တဲ့ နိုင်ငံရေးဖြစ်စဉ်ကို သွားနေတာ မဟုတ်ဘူး။ ဒါကြောင့်မို့ ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော်တို့က အမှန်တရားဘက် တရားမျှတတဲ့ဘက်ကို ကျွန်တော်တို့ ယုံကြည်တဲ့ ဝါဒနဲ့ပဲ သွားဖို့ ဆက်လက်ရပ်တည်တယ်ဆိုတဲ့ သဘောကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ကြေညာချက်မှာပါတယ် အာဏာရှင်စနစ်ကို တိုက်ဖျက်သွားမယ်ဆိုတာ။ အာဏာရှင်စနစ်ဆိုတာ ဒီစစ်အာဏာရှင် စနစ်မှ မဟုတ်ဘူး ဘယ်အာဏာရှင်စနစ်မှ ပြည်ထောင်စုမှာ ဆက်လက်ပြီးတော့ မရှင်သန်အောင် မရှိအောင် ဒီသဘောကို ရည်ညွှန်းခြင်းဖြစ်ပါတယ်”ဟု SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းကျော်သူလင်းက ပြောသည်။

Public Service Announcement

Public Service Announcement

(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံ ဖွင့်ပွဲအခမ်းအနားကို မေလ ၂၆ ရက်က ကျင်းပ​နေစဥ်၊ ဓာတ်ပုံ – Sai Kyaw Nuynt/FB)

SNLD၏ နိုင်ငံလုံးဆိုင်ရာညီလာခံကို တောင်ကြီးမြို့၌ ၂ရက်ကြာ ကျင်းပခဲ့ပြီးနောက် ယနေ့ညီလာခံ အပြီးတွင် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့သည်။

ညီလာခံတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၃၁ဦး အပါအဝင် ဗဟိုကော်မတီဝင် ၁၁၇ဦး တို့အား ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းနှင့်အညီ ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ရာ ပါတီထိပ်ပိုင်းခေါင်းဆောင်မှု အပြောင်းအလဲမရှိခဲပေ။ SNLD ဥက္ကဋ္ဌ အဖြစ် ဦးစိုင်းညွန့်လွင်၊ ဒုဥက္ကဋ္ဌ (၁) အဖြစ် ဦးစိုင်းခမ်းပိုင်ဖ(ခ) ဦးခင်မောင်ညွန့်(ရှမ်းတောင်/ကယား)၊ ဒုဥက္ကဋ္ဌ(၂) အဖြစ် ဦးစိုင်းလှဖေ (ခ) လုံးဆေယွမ်( ရှမ်းမြောက်)တို့အား ရွေးချယ်ခဲ့ပြီးအထွေထွေ အတွင်းရေးမှူး အဖြစ် ဦးစိုင်းလ(ခ) ဦးစိုင်းလိတ်၊ တွဲဖက်အတွင်းရေးမှူး(၁) အဖြစ် ဦးစိုင်းကျော်ညွန့်၊ တွဲဖက်အတွင်းရေးမှူး(၂)အဖြစ် ဦးစိုင်းဆမ်ဖွဏ်ဆိုင်တို့ကို ရွေးချယ်ခဲ့သည်။

ညီလာခံကသန္နိဌာန် ချမှတ်ခဲ့သည့်ရှေ့လုပ်ငန်းစဉ်များတွင် အာဏာရှင်စနစ်တိုက်ဖျက်ရးကို ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်တွင်းငြိမ်းချမ်းရေအား အားလုံးပါဝင်ရေးမူဖြင့် ဆောင်ရွက်ရန် ချမှတ်ခဲ့သည်။

ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ ဦးတည်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်အား မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲသွားမည်ဟု ဆိုသည်။

“လက်ရှိမှာ ရှိတဲ့ ၂၀၀၈ ကလည်း ကျွန်တော်တို့ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လာမယ့် ဖွဲ့စည်းပုံအသစ်ကိုပဲ ရည်ညွှန်းတယ် ဒီ ဖွဲ့စည်းပုံအသစ်နဲ့မှ နိုင်ငံက ရှေ့ဆက်လို့ရမယ် ကျွန်တော်တို့ ယုံကြည်တဲ့ ဖက်ဒရယ်ပြည်ထောင်စုက ရည်ရွယ်ချက် တူတဲ့ မဟာမိတ်တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ရေးဆွဲသွားမှာသာလျင် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းနိုင်မယ်လို့ ယုံကြည်တဲ့အတွက် အခုလက်ရှိ အခြေခံဥပဒေကို ရည်ညွှန်းခြင်းမဟုတ်ဘူး။ အသစ် အသစ်သော ကျွန်တော်တို့ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုအခြေခံဥပဒေကိုဆိုလိုခြင်းဖြစ်ပါတယ်”ဟု ဦးစိုင်းကျော်သူလင်းက ပြောသည်။

ထိုသို့ ဆောင်ရွက်ရာတွင် SNLD အနေဖြင့် နိုင်ငံရေးပါတီတစ်ရပ်ဖြစ်သည့်အလျောက် နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့်အပေါ်ရပ်တည်သည်ဟု ပြောသည်။

“ တခြားအဖွဲ့အစည်းတွေ ဒီ NUG အစရှိသဖြင့် တခြားတော်လှန်ရေး အင်အားစုတွေက သူတို့ရဲ့ ယုံကြည်ရာ ယုံကြည်ကြောင်း သွားတဲ့ အပေါ်မှာ ကျွန်တော်တို့ မပြောလိုဘူး။ ကျွန်တော်တို့ ပါတီက နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ သွားတဲ့ဟာ ဖြစ်တဲ့အတွက် ဒီနိုင်ငံရဲ့ အရွေ့မှာ နိုင်ငံရေးအရ ရည်ရွယ် ချက်ခြင်းတူတယ်ဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်”ဟု ဦးစိုင်းကျော်သူလင်းက ပြောသည်။

စစ်ကောင်စီ၏လုပ်ရပ်က နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာနိုင်သည့် အခြေအနေရှိမရှိ မေးမြန်းရာ ဦးစိုင်းကျော်သူလင်းက “ ဒါကတော့ အဆက်ဆက်သော ကျွန်တော်တို့ ထုတ်ပြန်ကြေညာခဲ့တဲ့အတိုင်း အရင်ကလည်း ကျွန်တော်တို့က ဒီအာဏာသိမ်းတဲ့အပိုင်းကို ကျွန်တော်တို့က ဆန့်ကျင်တယ်။ ဆန့်ကျင်တယ်ဆိုတဲ့ဟာက ကျွန်တော်တို့ ပါတီစုံဒီမိုကရေစီကို ယုံကြည်တယ် ဖက်ဒရယ်ကို ယုံကြည်တယ်။ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမှ ရမယ်လို့ ယုံကြည်လို့ ပါတီတစ်ရပ်ထူထောင်တယ်။ ဒီအပေါ်မှာပဲရပ်တည်တဲ့အတွက် ဒီအာဏာသိမ်းတဲ့ဟာကို အစဉ်အဆက် ကန့်ကွက်ခဲ့တယ်။ အခုအချိန်ထိလည်း ကျွန်တော်တို့ အရင်ဆုံးဖြတ်ချက်ချခဲ့တဲ့အတိုင်း ဆက်လက် ရပ်တည်တယ်”ဟု ဖြေကြားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။