Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူ – ပေါက်လမ်းပိုင်းတွင် စစ်ကားတစ်စီးမိုင်းထိပြီး ငါးဦးသေ

NSP တပ်ဖွဲ့ဝင်ရဲဘော်များမှာ အထိအခိုက်မရှိဘဲ မိခင်တပ်ရင်းများသို့ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီဖြစ် ကြောင်း အသိပေးထားသည်။

(NSP တပ်ဖွဲ့ဝင်များ လေ့ကျင့်ခန်းပြုလုပ်နေစဥ်)
(NSP တပ်ဖွဲ့ဝင်များ လေ့ကျင့်ခန်းပြုလုပ်နေစဥ်)

ဆိပ်ဖြူ – ပေါက်လမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများမောင်းနှင်လာသော စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NSP)က ယနေ့(မေ ၂၈) ထုတ်ပြန်သည်။

ယနေ့ နေ့လယ် ၁ နာရီ ၄၅ခန့်က ဆိပ်ဖြူ – ပေါက်လမ်းပိုင်းတစ်နေရာတွင် စစ်ကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှငါးဦး နေရာတင်သေဆုံးသွားကြောင်း ဖော်ပြသည်။

Public Service Announcement

NSP တပ်ဖွဲ့ဝင်ရဲဘော်များမှာ အထိအခိုက်မရှိဘဲ မိခင်တပ်ရင်းများသို့ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီဖြစ် ကြောင်း အသိပေးထားသည်။

အလားတူ မေလ ၂၃ ရက်ကလည်း တန့်ကြည့်တောင်အနောက်ဘက်လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများမောင်းလာသော ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ ပါရာမော်တာတစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံအချို့က ‌ပြောပါတယ်။

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

Facebook