Connect with us

Hi, what are you looking for?

သတင်း

‘နိုင်ငံ​ပျောက်သူ’ ဇာတ်လမ်းတိုရုပ်ရှင် ၈နာရီအတွင်း ကြည့်ရှုသူ ငါးသိန်း​ကျော်အထိရှိ

“ကျွန်တော်တို့ နိုင်ငံကြီး နာရေးဖြစ်နေတယ်ဆိုတာကို အားလုံးမမေ့ထားစေချင်ပါဘူး”ဟု သရုပ်​ဆောင် ဒေါင်းက ပြောသည်။

နိုင်ငံ​ပျောက်သူ
နိုင်ငံ​ပျောက်သူ

နွေဦးတော်လှန်ရေး၏ လိုအပ်သည့်နေရာများကို လှူဒါန်းနိုင်ရန် ပဒေသာပင် ယူကျူ့ချန်နယ်တွင် တင်ထားသည့် ‘နိုင်ငံပျောက်သူ’ ဇာတ်လမ်းတိုရုပ်ရှင်ကို ၈နာရီအတွင်း ကြည့်ရှုသူ ငါးသိန်းကျော်အထိ ရှိလာသည်။

နိုင်ငံပျောက်သူ ရုပ်ရှင်ကို မေလ ၃၀ရက် နံနက် ၈နာရီတွင် စတင်ကြည့်ရှုနိုင်ခဲ့ခြင်းဖြစ်ပြီး ညနေ ၄နာရီအထိ ကြည့်ရှုသူ ငါးသိန်းကျော်ရှိသည်။

ယင်းဇာတ်ကားကို ဒါရိုက်တာ ဏကြီးက ရိုက်ကူးပုံဖော်ထားပြီး သရုပ်​ဆောင်ဒေါင်းနှင့် ပိုင်ဖြိုးသုတို့ ပါဝင်သရုပ်‌ဆောင်ထားသည်။

ယင်းဇာတ်ကား ကြည့်ရှုသူများကို ကျေးဇူးတင်ကြောင်း ဒေါင်းနှင့် ပိုင်ဖြိုးသုတို့က ပြောကြားထားပြီး နွေဦးတော်လှန်ရေး၏ လိုအပ်သည့်နေရာများကို တိုက်ရိုက်လှူဒါန်းမည်ဖြစ်သောကြောင့် ဖေ့စ်ဘွတ်ခ်၌ ဇာတ်ကားကို ပြန်တင်ခြင်းမပြုလုပ်ရန်လည်း မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ နိုင်ငံကြီး နာရေးဖြစ်နေတယ်ဆိုတာကို အားလုံးမမေ့ထားစေချင်ပါဘူး”ဟု သရုပ်​ဆောင် ဒေါင်းက ပြောသည်။

ယင်း‌ဇာတ်ကားကြည့်ရှုပြီးသူတိုင်းက ကြိုက်နှစ်သက်ကြောင်းနှင့် မျက်ရည်ကျရကြောင်း ဖေ့စ်ဘွတ်ခ်၌ ပြန်လည်မျှဝေထားကြပြီး ဇာတ်ကားတွင်ပါသည့် “အရှုံးမပေးမချင်း ငါတို့နိုင်တယ်” ဒိုင်ယာလော့ခ်ကိုလည်း ဖေ့စ်ဘွတ်ခ်၌ ​ရေးသားသူများပြားခဲ့သည်။

အနုပညာရှင်များက မေတ္တာရပ်ခံထားသော်လည်း အချို့သူများက အဆိုပါ ရုပ်ရှင်ကို Download ပြုလုပ်၍ ဖေ့စ်ဘွတ်ခ်တွင်တင်သူများရှိသောကြောင့် Report ပြုလုပ်ခဲ့ရသည့် ဖြစ်စဉ်များလည်းရှိသည်။

‌‌ဒါရိုက်တာ ဏကြီး ၊ ဒေါင်း ၊ပိုင်ဖြိုးသုတို့အပါအဝင် ယင်းဇာတ်ကားကိုဖန်တီးထားသူများသည် နွေဦးတော်လှန်ရေး၌ ပြည်သူနှင့် အတူရပ်တည်ခဲ့၍ အာဏာသိမ်းစစ်ကောင်စီက မတရားပုဒ်မတပ်ခဲ့သောကြောင့် မြန်မာနိုင်ငံပြင်ပ၌ ရှောင်တိမ်းနေရသူများဖြစ်သည်။

ယင်းဇာတ်ကားကို နွေဦးဗီဒီယို Application တွင် ဇွန် ၂ ရက်၌ တင်ပေးမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကျနော့်ကို မေ့နေကြပြီလားလို့ ကိုမင်းထင်(မင်းထင်ကိုကိုကြီး)ကမေးခွန်းထုတ်လိုက်တော့ ကျနော် လှိုက်ခနဲဖြစ်သွားရတယ်။

ဆောင်းပါး

လွန်ခဲဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ၂၀၀၃ ခုနှစ်မှာ စင်ကာပူနိုင်ငံကနေ ပြန်လာတဲ့ လူငယ်တစ်ယောက်ဟာ မြန်မာ့မြန်မာ့ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့တယ်။ သူက ဒါရိုက်တာမင်းထင်ကိုကိုကြီးပါ။

သတင်း

နိုင်ငံရေးအကျဉ်းသားဟောင်းကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားတယ်လို့ သူရဲ့တူ‌ တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က အသိပေးထားပါတယ်။

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။