Connect with us

Hi, what are you looking for?

သတင်း

နဂါးမတောင်အနောက်ဘက်တိုက်ပွဲ စစ်ကောင်စီတပ်သား ၄၀ခန့်ထိခိုက်သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်ပြော

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းရှိ ပုလဲ၊ယင်းမာပင်အပါအဝင် မြို့နယ်အများစုတွင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ပြီး စစ်အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်နေသည်။

(မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ရဲဘော်များအား တွေ့ရစဥ်)
(မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ရဲဘော်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နဂါးမတောင်အနောက်ဘက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ ခန့်ထိခိုက်သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)က ထုတ်ပြန်သည်။

တိုက်ပွဲမှာ ယနေ့(မေ ၃၀ ရက်) နံနက် ၃နာရီ ၁၅မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကို ဗိုလ်နဂါးဦးဆောင်သော မြန်မာ့တော်ဝင်နဂါးတပ်တော်က ကြားဖြတ်ဆိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် နံနက် ၈နာရီခွဲခန့်တွင် ဇီးပင်စခန်းအနီး၌ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်အ ချင်းချင်းအချိန်အတန်ကြာ လက်နက်ငယ်နှင့်လက်နက်ကြီးများသုံး၍ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့သည်ဟု အသိပေးထားသည်။

စစ်ကောင်စီလမ်းကြောင်းမှ ယာဉ်အစီး ၈၀ခန့်သည် ပုံတောင်ပေါ်ရှိ မိုင်တိုင်အမှတ် (၅) ဝန်းကျင်သို့ ရောက်ရှိလာကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယနေ့ထိတွေ့မှုများတွင် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)မှ နဂါးစစ်သည်တော်များ အားလုံး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းရှိ ပုလဲ၊ယင်းမာပင်အပါအဝင် မြို့နယ်အများစုတွင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ပြီး စစ်အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်နေသည်။

“ပုလဲတစ်ခုတည်းတင် စစ်ကားအစီးရေ ၁၀၀လောက် ဒီရက်ထဲဝင်လာတယ်။အခု မင်းတိုင်ပင် ရွာဘက်မှာ အတိအကျ ဆို ၁၇ စီးရှိတယ်။နဂါးမတောင်နားမှာက မနက်အထိ အစီး ၈၀ကျော် တယ်”ဟု ပုလဲမြို့နယ် စစ်ရေးစောင့်ကြည့်သူက People’s springသို့ ပြောသည်။

ထို့အပြင် ပုလဲ၊ယင်းမာပင်နှင့် မြိုင်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီက အင်အား ၁,၀၀၀ ဝန်းကျင်ရှိ စစ်ကြောင်းငါးခုထက်မနည်းဖြင့် ထိုးစစ်ဆင်လာနေသည်ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းပျူစောထီးရွာနဲ့ အမှတ်(၁၀)စစ်လေ့ကျင့်ရေးတပ် (စခတ-၁၀)ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။