Connect with us

Hi, what are you looking for?

News

မြန်မာအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံခြား ရေးဒုဝန်ကြီးကို အာဆီယံခန့်အပ်

လွန်ခဲ့တဲ့ ​ခြောက်လက အရပ်သားအစိုးရကို ဖယ်ရှားခဲ့တဲ့ မြန်မာစစ်တပ်ဟာ အထူးကိုယ်စားလှယ်နေရာကို ထိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီးဟောင်းကို ခန့်အပ်ဖို့လိုလားပေမယ့် ဘရူနိုင်းဒုတိယဝန်ကြီး Erywan Yusof ကို အာဆီယံက အတည်ပြုခဲ့တာဖြစ်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေးဒုတိယဝန်ကြီးကို ခန့်အပ်လိုက်တယ်လို့ သံတမန်လေးဦးရဲ့ ပြောဆိုချက်အရ Reuters သတင်းဌာနက ဒီနေ့ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ ​ခြောက်လက အရပ်သားအစိုးရကို ဖယ်ရှားခဲ့တဲ့ မြန်မာစစ်တပ်ဟာ အထူးကိုယ်စားလှယ်နေရာကို ထိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီးဟောင်းကို ခန့်အပ်ဖို့လိုလားပေမယ့် ဘရူနိုင်းဒုတိယဝန်ကြီး Erywan Yusof ကို အာဆီယံက အတည်ပြုခဲ့တာဖြစ်ပါတယ်။

အထူးကိုယ်စားလှယ်ခန့်အပ်ရေးဟာ အာဆီယံနိုင်ငံတွေအကြား လအတန်ကြာ အငြင်းအခုံဖြစ်ခဲ့ပြီး အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုလျော့ကျရေးနဲ့ စစ်တပ်နဲ့ သူ့ရဲ့ ဆန့်ကျင်ဘက်တွေကြား ညှိနှိုင်းဆွေးနွေးဖို့ စတင်ရေးတို့ကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ အမေရိကန်၊ တရုတ်တို့ အပါအဝင် နိုင်ငံအများစုက မြန်မာနိုင်ငံမှာ ပြန်လည်တည်ငြိမ်ရေးအတွက် အာဆီယံက သံတမန်ရေးကြိုးပမ်းမှုတွေနဲ့ ဦးဆောင်ဖို့ တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...