Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံခြား ရေးဒုဝန်ကြီးကို အာဆီယံခန့်အပ်

လွန်ခဲ့တဲ့ ​ခြောက်လက အရပ်သားအစိုးရကို ဖယ်ရှားခဲ့တဲ့ မြန်မာစစ်တပ်ဟာ အထူးကိုယ်စားလှယ်နေရာကို ထိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီးဟောင်းကို ခန့်အပ်ဖို့လိုလားပေမယ့် ဘရူနိုင်းဒုတိယဝန်ကြီး Erywan Yusof ကို အာဆီယံက အတည်ပြုခဲ့တာဖြစ်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေးဒုတိယဝန်ကြီးကို ခန့်အပ်လိုက်တယ်လို့ သံတမန်လေးဦးရဲ့ ပြောဆိုချက်အရ Reuters သတင်းဌာနက ဒီနေ့ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ ​ခြောက်လက အရပ်သားအစိုးရကို ဖယ်ရှားခဲ့တဲ့ မြန်မာစစ်တပ်ဟာ အထူးကိုယ်စားလှယ်နေရာကို ထိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီးဟောင်းကို ခန့်အပ်ဖို့လိုလားပေမယ့် ဘရူနိုင်းဒုတိယဝန်ကြီး Erywan Yusof ကို အာဆီယံက အတည်ပြုခဲ့တာဖြစ်ပါတယ်။

အထူးကိုယ်စားလှယ်ခန့်အပ်ရေးဟာ အာဆီယံနိုင်ငံတွေအကြား လအတန်ကြာ အငြင်းအခုံဖြစ်ခဲ့ပြီး အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုလျော့ကျရေးနဲ့ စစ်တပ်နဲ့ သူ့ရဲ့ ဆန့်ကျင်ဘက်တွေကြား ညှိနှိုင်းဆွေးနွေးဖို့ စတင်ရေးတို့ကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ အမေရိကန်၊ တရုတ်တို့ အပါအဝင် နိုင်ငံအများစုက မြန်မာနိုင်ငံမှာ ပြန်လည်တည်ငြိမ်ရေးအတွက် အာဆီယံက သံတမန်ရေးကြိုးပမ်းမှုတွေနဲ့ ဦးဆောင်ဖို့ တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။