Connect with us

Hi, what are you looking for?

သတင်း

အရာတော်မြို့နယ်ရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ဒေသခံ ၁၂ဦးခန့်ကို သတ်ဖြတ်သွားဟုဆို

စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်ခံရသူ ၁၂ဦးတွင် ဟသ်ာရွာမှ ၁၁ ဦး၊ သစ်ချိုရွာမှ တစ်ဦးဖြစ်ပြီး သစ်ချိုရွာမှ သတ်ဖြတ်ခံရသူမှာ ဦးခေါင်းကိုသေနတ်ဖြင့် ပစ်ခံထားရသည့်အပြင် ရုပ်အလောင်း၌ ထမီဇောက်ထိုးဝတ်ပေးခဲ့ကြောင်း သိရသည်။

အရာတော်မြို့နယ်ရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
အရာတော်မြို့နယ်ရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

အရာတော်မြို့နယ်ရှိ ကျေးရွာသုံးရွာကို ယခုရက်ပိုင်းများတွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံပြည်သူ ၁၂ဦးခန့်ကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများမှာ သစ်ချို၊ ရွှေတွင်းကုန်းနှင့် ဟသ်ာကျေးရွာများဖြစ်ပြီး နေအိမ် ၁၃၈လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်ခံရသူ ၁၂ဦးတွင် ဟသ်ာရွာမှ ၁၁ ဦး၊ သစ်ချိုရွာမှ တစ်ဦးဖြစ်ပြီး သစ်ချိုရွာမှ သတ်ဖြတ်ခံရသူမှာ ဦးခေါင်းကိုသေနတ်ဖြင့် ပစ်ခံထားရသည့်အပြင် ရုပ်အလောင်း၌ ထမီဇောက်ထိုးဝတ်ပေးခဲ့ကြောင်း သိရသည်။

“ရွာလေးကို စစ်တပ်ဝင်ရောက်ပြီး မီးရှို့ခံခဲ့ရတဲ့အတွက် အိမ် ၂၈ လုံး မီးလောင်ပြာကျခဲ့ရပြီး ရွာသူ၊ ရွာသား ၁၁ဦး မီးလောင်တိုက် အသွင်းခံခဲ့ရပါတယ်”ဟု ဟသ်ာရွာမှ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အရာတော်မြို့နယ်မှ ကျေးရွာသုံးရွာအား မီးရှို့ဖျက်ဆီးခြင်းကို မေလ ၂၉ရက်နှင့် ၃၀ရက်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် သစ်ချို၊ ရွှေတွင်းကုန်းနှင့် ဟသ်ာရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများမှာ အထက်ပါအဖြစ်အပျက်များကြောင့် အထိတ်တလန့်ဖြစ်ကြရပြီး အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာမှာ တော်လှန်ရေး ရဲဘော် ၂ ဦးအပါအဝင် ၉ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း မကွေးတိုင်းပကဖက ထုတ်ပြန်ပါတယ်။