Connect with us

Hi, what are you looking for?

သတင်း

က​မ္ဘောဒီးယားမှ မြန်မာသံရုံးဝန်ထမ်းတစ်ဦးCDM ပြုလုပ်

အာဏာသိမ်းစစ်ကောင်စီကိုကာကွယ်​ပေး​နေ​သော က​​မ္ဘောဒီးယားအပါအဝင် အာဆီယံနိုင်ငံအချို့ကို မြန်မာပြည်သူများက စိတ်ပျက်နေချိန်တွင် သံရုံးဝန်ထမ်းအချို့ CDM တွင် ပူးပေါင်းပါဝင်လာနေသည်။

(CDM ပြုလုပ်ပြီး ပြည်သူနှင့်ပူး​ပေါင်းလာ​သော မဇွန်ဆုမွန်ဦး ။ ။ ဓါတ်ပုံ- ဇွန်ဆုမွန်ဦး​ဖေစ်ဘွခ်)
(CDM ပြုလုပ်ပြီး ပြည်သူနှင့်ပူး​ပေါင်းလာ​သော မဇွန်ဆုမွန်ဦး ။ ။ ဓါတ်ပုံ- ဇွန်ဆုမွန်ဦး​ဖေစ်ဘွခ်)

စစ်ကောင်စီ၏လူမဆန်သော လုပ်ရပ်များ၊တရားမျှတမှုမရှိသော ဥပဒေနှင့် အမိန့်များသည် ပြည်သူများအပေါ် ဆိုးရွားစွာ ထိခိုက်​စေသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ ရှိမြန်မာသံရုံးမှ သံရုံးဝန်ထမ်းတစ်ဦးသည် CDM ပြုလုပ်ပြီး လူထုနှင့် ပူးပေါင်းလာသည်။

ဖနွမ်းပင်မြို့ရှိ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်နေသည့် သံရုံးဝန်ထမ်း မဇွန်ဆုမွန်ဦးသည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ပြီဟု ယနေ့(ဇွန် ၂ရက်)တွင် ကြေငြာခြင်းဖြစ်သည်။

“ တရားမဝင် အာဏာသိမ်း စစ်ကောင်စီ၏ မြန်မာပြည်သူများအပေါ် ပြုလုပ်လျက်ရှိသည့် လူမဆန်သော လုပ်ရပ်များနှင့် တရားမျှတမှုမရှိသော ဥပဒေနှင့် အမိန့်များသည် ပြည်သူများအပေါ် ဆိုးရွားစွာ ထိခိုက်စေသောကြောင့် ၁၂-၅-၂၀၂၂ ရက်နေ့မှစ၍ အလုပ်လုပ်ကိုင်သည့် မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ စွန့်ခွာခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ ကျွန်မသည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း ကြေညာအပ်ပါသည်” ဟု မဇွန်ဆုမွန်ဦးက သူ၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် ရေးသားထားသည်။

အာဏာသိမ်းစစ်ကောင်စီကိုကာကွယ်​ပေး​နေ​သော က​​မ္ဘောဒီးယားအပါအဝင် အာဆီယံနိုင်ငံအချို့ကို မြန်မာပြည်သူများက စိတ်ပျက်နေချိန်တွင် သံရုံးဝန်ထမ်းအချို့ CDM တွင် ပူးပေါင်းပါဝင်လာနေသည်။

Public Service Announcement

Public Service Announcement

ယခုနှစ်မေလ ၃ရက်ကလည်း ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် မမြသိင်္ဂီသည် အာဏာသိမ်းစစ်​ကောင်စီကိုအကြမ်းမဖက်အာဏာဖီဆန်​ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကာ လူထုနှင့်အတူ ရပ်တည်ကြောင်း ​ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကမ္ဘောဒီးယား၏ တိတ်တဆိတ်ကြီးထွားလာနေသော တောရိုင်းတိရစ္ဆာန် မှောင်ခိုဈေးကွက်

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းရဲစခန်းတစ်ခုလုံးကို နှင်းဆီပန်းတွေ ဝေခဲ့ဟု​ခေတ္တဖမ်းဆီးစစ်ဆေးခံရသူပြော

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။