Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူတွေရဲ့ ရဲရင့်မှုနဲ့ခိုင်မာတဲ့ယုံကြည်ချက်ကို အမေရိကန် ချီးကျူး

ဒီမိုကရေစီလှုပ်ရှားမှုအတွက် အမေရိကန်ရဲ့ဆက်လက်ကူညီထောက်ပံ့မှုအပါအဝင် မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးလုပ် ဆောင်ဆဲ ကြိုးပမ်းအားထုတ်မှုတွေအပေါ် နှစ်ဖက်ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဒုဝန်ကြီးရုံးက သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးဟာ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးနဲ့ မနေ့က အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

“ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့ နဲ့ ကပ်ရောဂါတိုက်ဖျက်ဖို့ NUG နဲ့ အခြားသူတွေရဲ့ ကြိုးပမ်းအား ထုတ်မှုတွေအပေါ် ဒေါ်ဇင်မာအောင်နဲ့ ကျွန်မဆွေးနွေးခဲ့ပါတယ်။ အားလုံးပါဝင်တဲ့ ဒီမိုကရက်တစ်အနာဂတ်ကို တည်ဆောက်နေတဲ့ မြန်မာပြည်သူတွေရဲ့ ရဲရင့်မှုနဲ့ ခိုင်မာတဲ့ယုံကြည်ချက်တို့ကို ကျွန်မတို့ချီးကျုးလေးစားပါတယ်”လို့ ဝင်ဒီရှားမန်းက ပြောပါတယ်။

တွေ့ဆုံစဥ်မှာ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အမေရိကန်ရဲ့ဆက်လက်ကူညီထောက်ပံ့မှုအပါအဝင် မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးလုပ် ဆောင်ဆဲ ကြိုးပမ်းအားထုတ်မှုတွေအပေါ် နှစ်ဖက်ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဒုဝန်ကြီးရုံးက သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။