Connect with us

Hi, what are you looking for?

သတင်း

ဒီမိုကရေစီလိုလားသူများ၊ တက်ကြွလှုပ်ရှားသူများကို မကွပ်မျက်ရန် စစ်တပ်ကို ကနေဒါတိုက်တွန်း

မြန်မာနိုင်ငံတွင် လွတ်လပ်သောတရားခွင်ဖြစ်ပေါ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာလွတ်လပ်ခွင့်ရရှိရေးအပါအဝင် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းအပေါ်စိုးရိမ်ပူပန်ကြောင်းလည်း ကနေဒါက ဖော်ပြသည်။

ဒီမိုကရေစီလိုလားသည့် ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများကို ကွပ်မျက်ခြင်းမပြုရန် ကနေဒါက မြန်မာစစ်တပ်ကို တိုက်တွန်းလိုက်သည်။

ဒီမိုကရေစီလိုလားသည့် ခေါင်းဆောင်များနှင့်တက်ကြွလှုပ်ရှားသူများကို ကွပ်မျက်ရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်ကို ကနေဒါနိုင်ငံက ပြင်းထန်စွာ ရှုံ့ချကြောင်း သံရုံးက ယနေ့ထုတ်ပြန်သည်။

ဦးဖြိုးဇေယျာသော်
ဦးဖြိုးဇေယျာသော်

မြန်မာနိုင်ငံတွင် လွတ်လပ်သောတရားခွင်ဖြစ်ပေါ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာလွတ်လပ်ခွင့်ရရှိရေးအပါအဝင် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းအပေါ်စိုးရိမ်ပူပန်ကြောင်းလည်း ကနေဒါက ဖော်ပြသည်။

ထို့အပြင် မတရားဖမ်းဆီးခံထားရသူများနှင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် ကနေဒါက ထပ်မံတောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ကနေဒါသည် မြန်မာစစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုကို အပြင်းအထန်ကန့်ကွက်ထားပြီး မြန်မာနိုင်ငံသားများ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတောင်းဆိုမှုများကို စစ်တပ်က လျစ်လျူရှု နေသည့်အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်များ၊ ပါဝင်ပတ်သက်သူများ၊ ဆက်စပ်စီးပွားရေး လုပ်ငန်းများကို ပိတ်ဆို့အရေးယူမှုများပြုလုပ်ထားသည်။

ကနေဒါသည် နေရာတိုင်းတွင် လူသားအားလုံးအတွက် မည်သည့်အခြေအနေတွင်ဖြစ်စေ သေဒဏ်ပေးမှုကို ဆန့်ကျင်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။