Connect with us

Hi, what are you looking for?

သတင်း

ဒီမိုကရေစီလိုလားသူများ၊ တက်ကြွလှုပ်ရှားသူများကို မကွပ်မျက်ရန် စစ်တပ်ကို ကနေဒါတိုက်တွန်း

မြန်မာနိုင်ငံတွင် လွတ်လပ်သောတရားခွင်ဖြစ်ပေါ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာလွတ်လပ်ခွင့်ရရှိရေးအပါအဝင် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းအပေါ်စိုးရိမ်ပူပန်ကြောင်းလည်း ကနေဒါက ဖော်ပြသည်။

ဒီမိုကရေစီလိုလားသည့် ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများကို ကွပ်မျက်ခြင်းမပြုရန် ကနေဒါက မြန်မာစစ်တပ်ကို တိုက်တွန်းလိုက်သည်။

ဒီမိုကရေစီလိုလားသည့် ခေါင်းဆောင်များနှင့်တက်ကြွလှုပ်ရှားသူများကို ကွပ်မျက်ရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်ကို ကနေဒါနိုင်ငံက ပြင်းထန်စွာ ရှုံ့ချကြောင်း သံရုံးက ယနေ့ထုတ်ပြန်သည်။

ဦးဖြိုးဇေယျာသော်
ဦးဖြိုးဇေယျာသော်

မြန်မာနိုင်ငံတွင် လွတ်လပ်သောတရားခွင်ဖြစ်ပေါ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာလွတ်လပ်ခွင့်ရရှိရေးအပါအဝင် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းအပေါ်စိုးရိမ်ပူပန်ကြောင်းလည်း ကနေဒါက ဖော်ပြသည်။

ထို့အပြင် မတရားဖမ်းဆီးခံထားရသူများနှင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် ကနေဒါက ထပ်မံတောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ကနေဒါသည် မြန်မာစစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုကို အပြင်းအထန်ကန့်ကွက်ထားပြီး မြန်မာနိုင်ငံသားများ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတောင်းဆိုမှုများကို စစ်တပ်က လျစ်လျူရှု နေသည့်အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်များ၊ ပါဝင်ပတ်သက်သူများ၊ ဆက်စပ်စီးပွားရေး လုပ်ငန်းများကို ပိတ်ဆို့အရေးယူမှုများပြုလုပ်ထားသည်။

ကနေဒါသည် နေရာတိုင်းတွင် လူသားအားလုံးအတွက် မည်သည့်အခြေအနေတွင်ဖြစ်စေ သေဒဏ်ပေးမှုကို ဆန့်ကျင်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook