Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်သဖြင့် ဂန့်ဂေါ – ထီးလင်းနှင့် ဂန့်ဂေါ – အိုက္ကားလမ်းပိုင်းများကိုအသုံးမပြုရန် ဂန့်ဂေါ PDF သတိပေး

အထူးသဖြင့် ဂန့်ဂေါမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်း နှင့် ကြည်း ကြောင်း အသုံးပြု၍အင်အားဖြည့်တင်းမှုသည် ပြင်းထန်မည့် တိုက်ပွဲများ မကြာမီဖြစ်ပေါ်လာနိုင်သည်ဟုလည်း ၎င်းတို့က သုံးသပ်သည်။

(PDF -Gangaw တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည်။)
(PDF -Gangaw တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည်။)

တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်သဖြင့် ဂန့်ဂေါ – ထီးလင်းနှင့် ဂန့်ဂေါ – အိုက္ကားလမ်းပိုင်းများကိုအသုံးမပြုရန် ဂန့်ဂေါ PDF တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇွန် ၈ ရက်) ထုတ်ပြန်သည်။

ဂန့်ဂေါမြို့နယ်၊ မြစ်သာရေလှောင်တမံဆည်ပေါ်တွင် တပ်စွဲထားသည့် အင်အား ၈၀ခန့်ပါ စစ် ကောင်စီတပ်သည် ယမန်နေ့(ဇွန် ၇ ရက်)က ရောင်နက်ရွာသို့ စစ်ကြောင်းထိုး၍ ညအိပ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် နံနက် ၁၁နာရီတွင် အန်းတားရွာသို့ ဝင်ရောက်တပ်စွဲထားကြောင်း အသိပေးသည်။

ထို့အပြင် ဂန့်ဂေါမြို့တံတားထိပ်၌လည်း စစ်ကားနှစ်စီးချပြီး အနောက်ဂန့်ဂေါဘက်သို့စစ်ကြောင်းထိုးလျှက်ရှိသည်ဟု ဂန့်ဂေါ PDFက ဆိုသည်။

ထို့ကြောင့် ဂန့်ဂေါဒေသတွင်း အခြေအနေများရှုပ်ထွေးနေသောကြောင့် ထိတွေ့တိုက်ပွဲမှာအချိန်မရွေးဖြစ်နိုင်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“အခုက ဂန့်ဂေါ နဲ့ ထီးလင်း ဆက်စပ်ဒေသအစပ်က ရွာတွေကို ရန်သူက စစ်ကြောင်းထိုးနေတာ။တိုက်ပွဲကတော့ လောလောဆယ် ငြိမ်နေသေးတယ်။ဒါပေမယ့် အချိန်မရွေး ဖြစ်နိုင်တယ်”ဟု ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

မေလနောက်ဆုံးပတ်ကစ၍ မကွေးတိုင်း၊ယောဒေသ(ဂန့်ဂေါ၊ကျော၊ထီးလင်း၊ဆောနှင့်ကျောက်ထု ) မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအများအပြားတိုးချဲ့နေကြောင်း ဒေသတွင်းစစ်ရေးစောင့်ကြည့်သူနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများက People’s Springသို့ ပြောထားသည်။

အထူးသဖြင့် ဂန့်ဂေါမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်း နှင့် ကြည်း ကြောင်း အသုံးပြု၍အင်အားဖြည့်တင်းမှုသည် ပြင်းထန်မည့် တိုက်ပွဲများ မကြာမီဖြစ်ပေါ်လာနိုင်သည်ဟုလည်း ၎င်းတို့က သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook