Connect with us

Hi, what are you looking for?

ဗီဒီယို

မြောက်ကိုရီးယားဖက်က ရောဂါ ကူးစက်မှုတွေ လေနဲ့အတူ ပါလာမှာကို စိုးရိမ်နေတဲ့ တရုတ် နယ်စပ်မြို့

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ဟာ လေထဲကနေတဆင့် ကူးစက်နိုင်ကြောင်း အတည်ပြု တွေ့ရှိထားပေမယ့် နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော်ပြီး လေစီးကြောင်းနဲ့ ပါလာနိုင်သလား ဆိုတဲ့ မေးခွန်းကတော့ ဖြေဖို့ ခက်နေဆဲပါ။

မြောက်ကိုရီးယားဖက်က ကိုဗစ်ရောဂါ ကူးစက်မှုတွေ လေနဲ့အတူ လွင့်ပါလာမှာကို တရုတ် နယ်ခြားမြို့လေး တစ်မြို့မှာ စိုးရိမ် ကြောင့်ကြမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒန်ဒေါင်းဟ တရုတ်နိုင်ငံ မြောက်ဖျား နယ်စပ်မှာ တည်ရှိပြီး မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေး ပင်မ ဗဟိုချက် တစ်ခုလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ တရုတ်ကြားက ကုန်သွယ်မှု အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဒန်ဒေါင်းကို ဖြတ်သန်းသွားလေ့ ရှိပါတယ်။

မေလထဲမှာတော့ မြောက်ကိုရီးယား အစိုးရက ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ ပြည်တွင်းမှာ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေကြောင်း ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ကပ်ရောဂါကြောင့် ဖျားနာသူ အရေအတွက် ၄.၂ သန်းကျော်ထိ များပြားပေမယ့် အသေအပျောက် ပမာဏကတော့ ရာဂဏန်းထိတောင် မရောက်ခဲ့ဘူးလို့ မြောက်ကိုရီးယားက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

ဒါပေမဲ့လည်း မြောက်ကိုရီးယား အစိုးရ မီဒီယာတွေမှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေရဲ့ မှန်ကန်မှုအပေါ် ပြင်ပ ကမ္ဘာက အတည်ပြု ဆန်းစစ်ဖို့ ခက်ခဲလွန်းပါတယ်။ ပြီးတော့ မြောက်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ အသိရ အခက်ဆုံး၊ အလျှို့ဝှက်ဆုံး နိုင်ငံတစ်ခု အနေနဲ့လည်း မှတ်ယူ ခံထားရတာပါ။

Public Service Announcement

Public Service Announcement

ဧပြီလကုန်ပိုင်း ကတည်းက ဒန်ဒေါင်းမှာ မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှုကို ပိတ်ပင်ပြီး အသွားအလာ ကန့်သတ်ထားပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကိုဗစ် လူနာအသစ်တွေ တဖြည်းဖြည်း တိုးပွားလာနေပါတယ်။ ကူးစက်ခံရတဲ့ လူနာ အတော်များများဟာ အိမ်ထဲမှာ နေရင်းနဲ့ပဲ ရောဂါ လက္ခဏာတွေ ပြသလာကြတာလို့ ပြောပါတယ်။ ဒါကြောင့်လည်း လူဦးရေ ၂.၁၉ သန်းလောက် ရှိနေတဲ့ မြို့မှာ ရောဂါ ကူးစက်မှုတွေဟာ မြောက်ကိုရီးယားဖက်က လေစီးကြောင်းနဲ့အတူ ကူးစက် ရောက်ရှိလာသလားဆိုတဲ့ ထင်ကြေးတွေနဲ့ စိုးရိမ်စိတ်တွေ ဖြစ်လာစေခဲ့ပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ဟာ လေထဲကနေတဆင့် ကူးစက်နိုင်ကြောင်း အတည်ပြု တွေ့ရှိထားပေမယ့် နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော်ပြီး လေစီးကြောင်းနဲ့ ပါလာနိုင်သလား ဆိုတဲ့ မေးခွန်းကတော့ ဖြေဖို့ ခက်နေဆဲပါ။

တရုတ်နိုင်ငံက ဒေသတချို့မှာလည်း ကိုဗစ် ကူးစက်မှုတွေ ရှိနေပေမယ့် မြောက်ဖျားဒေသက ဒန်ဒေါင်းမှာ ရောဂါ ဖြစ်ပွားနေတာတွေနဲ့ ကွင်းဆက် ရှာမတွေ့သေးကြောင်း အစိုးရ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအချက်ကလည်း ဒန်ဒေါင်းက ကိုဗစ် ဖြစ်ပွားမှုတွေဟာ မြောက်ကိုရီးယားနဲ့ ဆက်နွှယ်နေမလားဆိုတဲ့ သံသယကို ပိုကြီးထွားလာစေခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ တရုတ်တို့ဟာ ကီလိုမီတာ ၁၃၀၀ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး တချို့ နေရာတွေမှာတော့ ယာလူမြစ်က ပိုင်းခြားထားပါတယ်။ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေကြောင့် မြောက်ကိုရီးယားဟာ ပြည်ပ ကုန်သွယ်မှု ကဏ္ဍမှာ တရုတ်ကို အဓိက အားကိုးနေရပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါ ကာလမှာတော့ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ သုညမှတ် နီးပါးလောက်ထိ ကျဆင်းသွားခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။